slow dancing in my heart.....

1.8K 55 2
                                    

.............

"Hey Guy....ဒီနေ့ ဘယ်လိုလဲ...
ခေါင်းကိုက်သေးလား..?ဘယ်လိုခံစားရသေးလဲ"

"Doctor ကိုမတွေ့ရသေးတာကလွဲရင်
အားလုံး အဆင်ပြေတယ် "

"Ohh.....ချုပ်တတ်လိုက်တာကွာ...
လာပါဦး..P ကိုဖက်ပါဦး"

သူ့ရဲ့တနေ့တာသည် ဒီလိုနဲ့အစပြုသည်
အရွယ်နဲ့ မမျှ
Cancer ခံစားနေရသော ချစ်စရာ
ကလေးငယ်လေးတွေ....
London ရဲ့နာမည်ကြီး Uni
တစ်ခုကနေ PHD ဘွဲ့ရခဲ့ပြီး ဖြစ်သော်
လည်း......
သူအရမ်းဖြစ်ချင်ခဲ့သော ခွဲစိတ်အထူးကု
တာဝန်ကိုမယူသေးပဲ...
ကလေးတွေကိုစောင့်ရှောက်ဖို့
နှစ်သိမ့်ပေးဖို့ သူဒီနေရာမှာ
ရှိနေချင်ခဲ့သည်

"Doctor ဒါလေး စားမလား"

Chocolate ပြားလေးကိုင်ကာ ပေးနေ
သော Leo လေး

"စားမှာပေါ့...နေပါဦး ဒါဘယ်သူပေးတာလဲ Leo လေးနဲ့
မတည့်ဘူးလေ"

"သိပါတယ် Doctor ရဲ့ ဒါက Nong
Pineပေးတာ သားမစားပဲDoctor
ကိုပေးတာနော်"

"Oh..Ho...သိပ်ချစ်ဖို့ကောင်းတဲ့Leo
လေး...ဒီနေ့တော့ P စောစောပြန်မှာနော်
P ရဲ့သူငယ်ချင်းနဲ့ချိန်းထားလို့
နောက်ရက် P လာရင် Leo လေး
ကြိုက်တဲ့ ဖက်ထုပ်ပေါင်းဝယ်လာခဲ့မယ်
ဟုတ်ပြီလား"

"ဟုတ်ကဲ့ပါဗျ ဒါဆိုNong Pineတို့ဆီ
သွားလိုက်ဦးလေ Nong က
Doctor ကြိုက်တဲ့မုန့်ချန်ထားတယ်တဲ့"

"ဟုတ်လား ဒါဆို P သွားဦးမယ်..
နောက်ရက်မှတွေ့မယ်....OK.."

"OK ပါဗျ ကောင်းကောင်းသွားပါ"

""""""""""""""""""

""""""""""""""""""""""

Off ရဲ့ဆေးခန်းနားရောက်တော့
ကားရပ်ဖို့နေရာရှာရသည်
ရှေ့တင်ပဲ ကားတစ်စီးထွက်သွားကာ
နေရာလွတ်သွားတာမို့
နေရာကျဉ်းကျဉ်းလေးမှာ ရှေ့တိုးနောက်
ဆုတ်လုပ်ရင်း မျက်စိက ကားအနောက်ကိုပဲ အကြည့်ပို့ထားမိသည်က ကိုယ့်အမှား...

ဒုန်းကနဲ ဆောင့်မိသံနဲ့အတူ ခွေကျသွား
သည့် လူတစ်ယောက်
သေလိုက်တော့ Sing မင်းတော့
အရာရာနဲ့အကြောင်းကြောင်းပဲ..

ကားကိုနေရာကျအောင်အရင်ရပ်ကာ
အပြေးဆင်းရသည်
ခြေသလုံးကို အသာကိုင်ကာ ကြည့်
နေသော ကောင်ငယ်လေးတစ်ယောက်

Slow Dancing In My Heart(complete)Kde žijí příběhy. Začni objevovat