First Love Is Last Love 🐰🍩

ابدأ من البداية
                                    

🐰...... Mae ရဲ့မျက်ရည်တွေကို သုတ်ပေးရင်းဖက်ထားမိတော့ ကျတော့်နဖူးပေါ် အနမ်းခြွေရင်းပြုံးပြလာတဲ့ ကျတော်ချစ်ရတဲ့ ကျတော့်ကိုအရမ်းချစ်တဲ့ ကျတော်ဘဝရဲ့ တစ်ဦးတည်းသော မွေးမိခင်...
Mae ကိုကျတော့်တစ်သက်လုံးစောင့်ရှောက်ကာကွယ်ပေးမယ်....

Mae ..... သား မနက် စာမေးပွဲရှိတယ်...
ဘန်ကောက်ပြန်ရမှာ နားတော့နော်...
ဒီမှာ သားလုပ်ပေးလို့အားလုံးပြီးပြီမို့စိတ်မပူနဲ့တော့ ကျန်တာ Mae ပဲဆက်လုပ်လိုက်တော့မယ်နော်....
စာမေးပွဲဖြေဖို့ Mae သားလေးစာကျက်ချိန်တောင်မရလိုက်ဘူး အဆင်ပြေပ့ါမလား သားရယ်...

B🐰...... ​ပြေပါတယ် Mae စာတွေကျတော် ရပြီးသားပါ....
Mae စိတ်မပူနဲ့ တစ်ခုခုဆို ကျတော့်ကိုလှမ်းပြောဖို့မမေ့ပါနဲ့နော်...
Mae လည်းဒီရက်ထဲ အရမ်းပင်ပမ်းခဲ့ရပြီ...
သားကျောင်းပြီးရင် Mae ကို အပင်ပမ်းမခံခိုင်းတော့ပါဘူး....
ခဏလောက်ပဲသည်းခံပေးပါ...
Mae အိပ်တော့နော်...
Fan De Na Khrap Mae🏙

🐰...... ​နောက်တစ်နေ့ကူးဖို့ မိနစ်ပိုင်းပဲ အလိုမှ အိပ်ယာပေါ်ခြေပစ်လက်ပစ် ပစ်ချကျောဆန့်ရင်း ရက်ပေါင်းများစွာအညောင်းကို ခုမှဖြေခွင့်ရတော့တယ်...
စိတ်ဖိစီးညစ်ငြူးစရာတွေ ပြေပျောက်သွားပြီမို့ အားလုံးကို စိတ်လွတ်ချမိတော့ ရင်ထဲဟာသွားတဲ့ခံစားချက်က အချက်ပြနေခဲ့တာ ဝဲဘက်ရင်အုံအတွင်းက နှလုံးသားငယ်လေးကို...
လွမ်းတယ် ကလေးရယ်...
မတရားကြီးကို ကလေးကိုသတိရပြီးလွမ်းနေခဲ့တာ...
ကို ပြန်လာတော့မယ် ကလေးဆီကို❤

🐰 ..... တစ်နာရီလောက်သာ အိပ်ထားပေမယ့် လူကလုံးဝနွမ်းမနေခဲ့ဘူး...
အစောဆုံးလေယာဉ်နဲ့ ဘန်ကောက်ပြန်ဖို့သာ စိတ်စောနေခဲ့တယ်...
Mae ကို ကန်တော့ပြီး တက်ကြွနေတဲ့ခြေလှမ်းတွေနဲ့ လေဆိပ်ဆင်းခဲ့လေပြီ...
လေယာဉ်ပြတင်းပေါက်မှန်ကနေမြင်နေရတဲ့ ရှူခင်းတွေက မြင်နေကြပေမယ့်လည်း ဒီနေ့မှ ပိုပြည့်စုံနေသလို....
တိမ်တိုက်ဖြူဖြူတွေကြား လေယာဉ်နဲ့အတူတိုးဝင်မိတော့ တိမ်ဖြူဖြူလေးတွေကြား တရေးရေးပေါ်လာသယောင်ထင်နေမိတဲ့ ကလေးမျက်နှာပြည့်ပြည့်လေး...
ဖြူဖွေးကျယ်ပြန့်လှပါတယ်ဆိုတဲ့ မိုးတိမ်တိုက်ကြီးရေ ကျတော်ကလေးအပေါ်ထားတဲ့ ဖြူစင်တဲ့ချစ်ခြင်းထုထည်နဲ့ ယှဉ်လာရင်တော့ မင်းဒူးထောက်အရှုံးပေးရမှာ ကြိမ်းသေတယ်...
ကျတော့် ကလေးက အရာအားလုံးနဲ့ယှဉ်မရအောင်သာပြီသားဗျ...
အတွေးတွေနဲ့ အသံထွက်အောင်ရယ်လိုက်မိသေး....
အချစ်တွေ စတင်လာတဲ့နေ့ကစပြ်ီး အရာတိုင်းဟာ အချစ်တွေနဲ့သာ လွှမ်းမိုးနေတော့တာပါပဲ...
ဒါပေမယ့်လည်း ရုန်းမထွက်နိုင်ဘူးလေ...
လေယာဉ်ကွင်းကနေပဲ ကျောင်းကိုတန်းပြေးရတော့တာပါပဲ...
ကတိုက်ကရိုက်သုတ်ခြေတင်ပြီး စာသင်ခန်းကို ဦးတည်နေတဲ့ ကျတော်က အနောက်ဖက်ကနေ ဒွိဟစိတ်တွေနဲ့ လက်သီးကို ကျစ်ကျစ်ဆုပ်ရင်း ကျတော့်ကိုစူးစူးရဲရဲ စိုက်ကြည့်နေခဲ့တဲ့ ကျတော့်ကလေးကိုတော့ သတိမထားမိခဲ့ပါဘူးလေ...

Incidentally Love With Bunny 🐰 & Choux Cream 🍩حيث تعيش القصص. اكتشف الآن