နည်းနည်းချိုမြိန်တဲ့ခံစားချက်လေးရသလိိုလို
ချစ်သူရည်းစားထားတယ်ဆိုတာ ဒီလိုမျိုးပေါ့နော်
ဘာလဲ သဘောကျနေတာလားအခု
ဟင့်အင်း Park Jimin သဘောကျလို့မဖြစ်ဘူးနော် ...
စာမေးပွဲ ပြီးတဲ့အထိပဲတွဲပေး ပြီးရင် လမ်းခွဲမှာ ဟုတ်တယ် ဒါပဲလေ...

ကောင်လေးတစ်ယောက်ရဲ့ခွဲခွာဖို့အတွေးတွေကိုမသိတဲ့
တစ်ခြားကောင်လေးတစ်ယောက်ကတော့
ချစ်ရသူလက်ဖဝါးနုနုကို ဆုပ်ကိုင်ရင်း ပျော်ရွှင်နေလေရဲ့...

အဲ့ဒီ နေ့ညနေမှာတော့ Jiminရဲ့ အိမ်မှာ
စာအတူလုပ်ဖို့ဖြစ်သွားတယ်

စာအုပ်တွေအများကြီးဝယ်ပြီးဘာလုပ်ဖို့လဲဆိုသော
Yoongiရဲ့ မေးခွန်း ကိုတော့ သူ့ရဲ့ Guideချောချောလေးက
သချၤာ မေးခွန်းဟောင်း စာအုပ်ပုံထဲ ခေါင်းစိုက်စေရင်း ဖြေကြားခဲ့တယ်။

သင်္ချာ မေးခွန်းအား သူ့နွားနို့လာလုတဲ့ရန်သူကိုကြောင်လေးမကျေမနပ် ကြည့်နေသလို
စူးစိုက်ကြည့်နေတဲ့ Yoongi
Jimin တွက်လက်စကိုခဏရပ်ပြီး အော်ရတော့သည်။

**Yoongi Hyung ကြည့်ပဲမနေနဲ့လေဗျာ တွက်ရမှာလေ**

ဘာမှပြန်မပြောဘဲ ပြန်ကြည့်ကာ နေသော Yoongiကြောင့်
Jiminမှာ ထိုင်ခုံကိုအနားတိုးကပ်ရင်း
တွက်ပြဖို့ပြင်ရတော့သည်။

**အရင်ဆုံး ဘာမေးထားလဲ ဖတ်ကြည့်တော့ မသိကိန်းxကိုရှာပါတဲ့ ရှာတတ်တယ်မလား အရင်တွက်ကြည့်နော်**

**မတွက်တတ်ဘူး **

**Hyung လွယ်လွယ်လေး လေဗျာ x ကိုရှာရုံလေးတင် **

**x ကဘာလဲ မသိရင် သူ့ကြီးဒေါ် နဲ့ သူ့အမျိုးတွေရှာလိမ့်မယ်လေ ငါ့အလုပ်မှမဟုတ်တာ**

**ဟာဗျာ ဘာတွေပြောနေတာလဲ **

ဒီ ဘုကလန့်တွေပြောနေတဲ့ တစ်ယောက်နဲ့ စာဘယ်လိုလုပ်ရမလဲ
အတန်းခေါင်းဆောင် Park စိတ်ညစ်နေပါပြီနော်.. ...

Yoongiစနောက်ပြီးပြောနေတာကို
အတည်မှတ် ခေါင်းလေးကုတ် နှုတ်ခမ်းလေးဆူပြီး
သူကိုယ်တိုင် တွက်ပြဖို့လုပ်နေတဲ့ Jimin ..

Park Jimin ငါ့ကိုပြော ဘယ်လိုလုပ်ရမလဲ
အရမ်းတွေချစ်စရာကောင်းနေလို့ ဖက်နမ်းပစ်ချင်နေပြီ... ။

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now