သူပြောချင်ရာပြောပြီးနောက် ကျေနပ်သွားသော Yoongiကတော့
ထသွာရန်ပြင်နေသည်။

**ဘယ်သွားမလို့လဲ**

**ငါ့ရဲ့ အလင်းရောင်လေးဆီ အခွန်ဆောင်ဖို့**

ပြောရင်းဆိုရင်းပင်ပျောက်ကွယ်သွားသော သူငယ်ချင်းကိုကြည့်ပြီး
Namjoonတစ်ယောက် မှတ်ချက်ချမိသည်။

ရူးလောက်အောင်ချစ်မိသွားတယ်ဆိုတာ ဒါမျိုးပေါ့လို့....

တစ်နေ့တာမှာရှိတဲ့ စက္ကန့် ပေါင်းကို တစ်ထောင့်ငါးရာနဲ့ဆတိုးပွားထားတဲ့အချစ်တွေနဲ့
နေ့တိုင်းအခွန်မှန်မှန်ဆောင်ဖို့က ကိုယ့်တာဝန် !

နေ့တိုင်းမှန်မှန်လေး ကိုယ့်အတွက်ရည်ရွယ်တဲ့ အပြုံးတွေဖန်ဆင်းပေးဖို့က
မင်းတာဝန်ပါ ! Park Jiminဆိုတဲ့ကောင်လေးရေ.....

Namjoonနဲ့ စကားပြောပြီးထွက်လာခဲ့တော့နေ့လည်တစ်နာရီထိုးလုနီးဖြစ်နေပြီ။

ကျောင်းပိတ်ရက်တစ်နေရာသွားစရာရှိတဲ့ကောင်လေးကို
လိုက်ပေးမယ်ပြောထားရတာလေ

Jiminပြောတဲ့နေရာ စာအုပ်ဆိုင်ကိုရောက်လာခဲ့ပေမဲ့
ဘာအရိပ်အရောင်မှမတွေ့တာကြောင့်
Yoongiတစ်ယောက်ဖုန်းထုတ်ရင်း
My baby boy Jiminine❤ contactကို နှိပ်ကာဖုန်းခေါ်လိုက်သည်။

**Jimin ငါရောက်နေပြီ ဆိုင်ရှေ့မှာ**

**ဟုတ်ကဲ့ Hyung ကျွန်တော်ပြီးပြီ ထွက်လာပြီ**

သူဖုန်းချပြီးခဏအကြာပဲ
စာအုပ်ထုပ်နှစ်ထုပ်နဲ့စာအုပ်ဆိုင်ထဲမှထွက်လာသော Jimin
လက်နှစ်ဖက်အပြည့်ဖြစ်နေသော စာအုပ်ထုပ်ကိုလက်လွှဲယူဖို့ လုပ်ရသည်။

**ဒီကိုပေး **

**ဗျာ **

**လက်ထဲကစာအုပ်တွေ**

**အာ ဟုတ်ကဲ့ ရော့ Hyung**

အူကြောင်ကြောင်မျက်နှာပေးလေးနှင့်ရယ်ပြပြီး
ရှိသမျှကိုင်ထားတာတွေအကုန်ထိုးပေးတော့ သည့်Park Jimin

**Park Jimin တစ်ခုပဲပေးလေကွာ.......... လက်တစ်ဖက်ကမင်းလက်ကိုတွဲဖို့ အလွတ်ထားရဦးမှာ**

အာ....ဒီHyung ရင်ထဲထိတောင် တန်းရောက်သွားအောင် ပြောတတ်ရလား...

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now