Part-16

7.6K 1K 74
                                    

ဖြတ်ခနဲအသိဝင်နိုးလာချိန်တွင် သူ ဖက်ထားခဲ့သည့် ကိုယ်လေးကမရှိတော့.။ထထိုင်လိုက်မိသည်နှင့် ရုတ်တရက်ဆိုသလို ခါးက မျက်သေး၏။ချက်ချင်းပင် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

“နိုးလာပြီလား P’Sing.ခါးက ဒဏ်ရာနဲ့ထင်တယ် ဖြည်းဖြည်းထဦး.”

Krist မျက်နှာသည်အနည်းငယ်သွေးရောင်လွှမ်းနေပြီဖြစ်သည်။ဧည့်ခန်းထဲက စားပွဲပုလေးတွင် မနက်စာတစ်ချို့ခင်းကျင်းနေ သည့် Krist ကိုတွေ့တော့မှ စိတ်သက်သာရာ ရသွား၏။

“ကျောက ဒဏ်ရာတွေအများကြီးကို ထနိုင်နေပြီလား။”

“အရင် က ဒီထက်ဆိုးတဲ့ဒဏ်ရာတွေလည်းရခဲ့ဖူးတာမို့ဒီလောက်ကတော့ မပြောပလောက်တော့ပါဘူး။အရင် မျက်နှာသစ်ပြီးကိုယ်လက်သန့်စင်မလား.။ပြီးရင် မနက်စာ စားရအောင်လေ.”

Singto ခေါင်းညိတ်ပြရင်း Krist ညွှန်ပြသည့် ရေချိုးခန်းလေးကို လာခဲ့လိုက်သည်။ မနေ့ညက အသေအလဲတိုက်ခိုက်ခဲ့ ကြသည်မှာ သူတို့မဟုတ်သည်နှယ့် ခုတော့လည် ပြေပြေလည်လည်ပါပဲလား။အင်းလေ.။ Krist က သူဆိုတာမှ မသိခဲ့လေတာ။

“P’Sing ခါးဒဏ်ရာကြီးနဲ့ရေမချိုးရဘူးနော်.”

အပြင်က ခပ်သဲ့သဲ့အော်သံကြားတော့ ပြုံးမိသည်။မည်သည့်နှောင်ဖွဲ့မှုမှမပါ.ဒီလိုမနက်ခင်းက အမြဲတမ်းအတွက်ရှိလျှင် ကောင်းမည်ဟု စိတ်ကူးယဉ်မိသည်။သို့ပေမယ့် အခြေအနေတွေက ပြဒါးတစ်လမ်း သံတစ်လမ်း။

“အင်း ကိုယ်ရေမချိုးပါဘူး။”

ခပ်မြန်မြန်ပဲ မျက်နှာသစ်ခြင်းကိုလက်စသတ်လိုက်ကာ ပြန်ထွက်လာခဲ့လိုက်သည်။ Krist က စားပွဲနားတွင် အသင့်စောင်းကာ ပြုံးပြသည်။

“ကျောကဒဏ်ရာတွေက ဘာလို့လဲ လို့ ကိုယ်မေးခွင့်ရှိမလား Krist.မင်းလို ဓါတ်ပုံဆရာလေးတစ်ယောက်ကိုဘယ်သူက ဒီလိုမျိုး ရက်ရက်စက်စက်ရိုက် ရက်တာလဲ။”

“ကျွန်တော်ဒီလိုပတ်သက်ရမည့် လူတွေရှိတယ်။ ဒါတွေထိတော့ P’Singto မစွက်ဖက်ဘူးလို့ထင်ပါတယ်။ကျွန်တော်တို့က တကယ်ဆို ဟန်ဆောင်ချစ်သူတွေပဲမလား။ဘာမှ မဆိုင်ကြဘူးလေ.။”

နှစ်ပြည်ထောင်ချစ်ခရီးWhere stories live. Discover now