အပိုင်း ( ၂၃ )

Start from the beginning
                                    

"ဘာကိစ္စလဲ "

ဝိတ်တာလေးမှ မှာထားသည်များကို လာချပေးသည်။
ပြီးနောက် ထိုနေရာမှ ထွက်သွားလေသည်။

ဦး ကော်ဖီကို အနည်းငယ်မြည်းစမ်းကြည့်လိုက်သည်။
တေဇ က စိုင်းနေလုပ်ပုံကိုမြင်တော့ အရင်က သူတို့ဆေးကျောင်းသားဘဝကို ပြန်ပြီးသတိရမိသည်။

"စိုင်းနေ မင်းမှတ်မိသေးလား "

ဘာကိုမေးမှန်း မသိသည်မို့ စိုင်းနေ 'ဘာကိုလဲ ' ဟု ဆို၍သာ ပြန်မေးလိုက်သည်။

"ငါတို့ ဆေးကျောင်းစတတ်တုန်းကလေ မင်းကျောင်းရှေ့က ကော်ဖီဆိုင်မှာထိုင်တာ ပိုက်ဆံမေ့လို့ ငါရှင်းခဲ့ရတာလေ "

ဟုတ်ပါ့ ။ တေဇပြောမှ သတိရမိသည်။ အဲ့ဒီတုန်းက မိုးအေးအေးနဲ့ဆိုတော့ ကော်ဖီသောက်ချင်လာတာနဲ့ ကျောင်းရှေ့က ကော်ဖီဆိုင်မှာ သွားသောက်မိတာ အတန်းထဲပိုက်ဆံအိတ် ကျန်ခဲ့တာ သတိမထားမိခဲ့ဘူး။
နောက်ပြီး ပိုက်ဆံအိတ်ကို တေဇက ယူလာပေးသည်။
ယူလာပေးတာ ဆိုတာထက် နောက်က လိုက်၍ပေးသည်က ပို့မှန်ပေမည်။ ဘာတဲ့ 'ငါရှင်းခဲ့ရတာ'ဟုလား စိုင်းနေ တွေးပြီး တစ်ချက်ပြုံးလိုက်သည်။

"ဘယ်က မင်းရှင်းတာလဲ ငါ့ပိုက်ဆံအိတ်ထဲက ထုတ်ပြီးတော့ ပြီးတော့ မင်းကိုတောင် ဒကာခံခဲ့ရသေးတယ်လေ "

"သြော့့်  ဟုတ်သားပဲ "

တေဇ လွတ်လပ်ပေါ့ပါးစွာရယ်လိုက်သည်။ တကယ်တော့ စိုင်းနေပိုက်ဆံအိတ်ထဲက ရှင်းလိုက်တာ သူသိပါသည် တမင် နောက်ချင်၍သာ ပြောလိုက်ခြင်းဖြစ်သည်။

"ဒါနဲ့ မင်းအကူအညီတောင်းမယ်ဆိုတဲ့ ကိစ္စကဘာလဲ "

"ဒီလိုကွာ မင်း လူတစ်ယောက်ကို ပြန်ပေးဆွဲရမယ် "

"အမ် "

"မ အမ်နဲ့ မင်းပြန်ပေးဆွဲရမယ့်သူက တစ်ခြားသူမဟုတ်ဘူး ငါ့ကလေးကို "

"ဘာလို့လဲ ငါကလေးနဲ့ လက်ထပ်တော့မယ်ကွာ
ပြီးတော့ ငါတို့မင်္ဂလာဆောင်မှာ သူငယ်ချင်းဖြစ်တဲ့ မင်းကို ရှိစေချင်တယ် ငါ့ကိုစိတ်ဆိုးလား တေဇ "

စိတ်မဆိုးပါဘူး စိုင်းနေရာ။ နှလုံးသားကို လက်ဖွဲ့ခွင့်ပေးလို့ ကျေးဇူးတောင် တင်မိပါသေးတယ်။
ဒါပေမယ့် နည်းနည်းတော့ နာကြင်မိလိမ့်မယ်ထင်တယ်။ ဒါလည်း အချိန်တန်ပျောက်သွားမှာပါ။ အချိန်တွေက ကုစားသွားမှာပါ။

ကျွန်တော်ချစ်သော ဦး (My lovely Oo)Where stories live. Discover now