စိတ်ကောက်မည်။စိတ်ကောက်တာမှ အတော်လေးကို ကောက်ပစ်မည်။ ဘယ်နှယ့် အရမ်းသောက်တာမကြိုက်ပါဘူးဆိုမှ သောက်လာတယ်။ မခေါ်ပဲနဲ့ ပစ်ထားလိုက်မယ်။
ခုကျတော့လည်း မျက်နှာလေးက သနားစရာလေး။
"အမ် ဘာလို့ မခေါ်ရမှာလဲ ကလေးရ "
"ဟေ့ရောင် ငါရှိသေးတယ်နော် ဘာကလေးလဲ "
"ဒီကိစ္စမှာ အဖေလည်းပါတယ်နော် ဦး ကို ဘာလို့အရက်တွေတိုတ်တာလဲ "
အဖေက ဦးနား နားသို့ တိုးကပ်စွာပြောလိုက်သည်။
"မင်းနဲ့ငါ တဖွဲ့တည်းဖြစ်သွားပြီနော် "
"ဘာတွေ ပြောနေတာလဲ ကျွန်တော်မကြားအောင်
အဖေ ကော အရက်တွေ သောက်လာတယ်နော်
ဟွန်း ဟွန့် "ရှိုင်း အဖေကလည်း ခပ်တွံ့တွံ့ပုံဖြင့် ဦး နားသိပ်ကပ်ကာပြောလိုက်ပြန်သည်။
"ငါတော့ ကြောက်လာပြီကွာ မင်း ကလေး မင်းဘာမင်းထိန်း ငါတော့လစ်ပြီ "
ထို အခန်းမှဝှစ်ခနဲ့ လှစ်ထွက်သွားတော့သည်။
ခါးထောက်ကာ စစ်ဆေးမေးမြန်နေသော ရှိုင်း ကို ထိုင်ရာမှ ဖက်လိုက်သည်။
"လွှတ် စမ်း ပါ မေးစရာ ကျန်သေးတယ် "
ထို့ကြောင့် လွှတ်လိုက်ရသည်။
"ဦး ဖုန်းကို ကိုင်တဲ့ မိန်းကလေးက ဘယ်သူလဲ "
"အမ် ဘယ်သူ ဘယ်သူ့ 
အော် အာ့တာ အဲ့ဒီဆိုင်က ဝန်ထမ်းလေ "ထပ်ပြီး ခါးကို ဖက်လိုက်သည်။ပြီးတော့မှ ဦးက သူပေါင်ပေါ်တင်ကာ ထိုင်စေသည်။ ရှိုင်း မျက်နှာလေးကို လက်ဖြင့် အသာ အပေါ်မော့လိုက်သည် ။
"ကလေးလေး ဦး ပြောတာ နားထောင်နော်
ဦး ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားပါဘူးကွာ
ပြီးတော့ ဦး နောက်ထပ်လည်း ချစ်လို့မရတော့ဘူး "မျက်နှာကို တည့်လိုက်ပြီး နှုတ်ခမ်းစူကာ ရှိုင်းကပြောသည်။
"ဒါဆိုလည်း မချစ်နဲ့ပေါ့ "
ဦး ကလည်း ရယ်ကာပြန်ပြောသည်။
"ချစ်လို့ မရတော့ဘူး ဆိုတာ ကလေး ကလွဲလို့ ဘယ်သူမှ ချစ်လို့မရတော့ဘူး နှလုံးသားထဲမှာ နေရာမရှိတော့ဘူး လို့ပြောတာ "
YOU ARE READING
ကျွန်တော်ချစ်သော ဦး (My lovely Oo)
Romanceဦ့း့  လို့ခေါ်ရုံနဲ့ ကျွန်တော့်မှာလုံခြုံနွေးထွေးမှုတွေပြည့်နှက်နေသည့် ရင်ခွင်တစ်ခုကို အမြဲခံစားမိသည့့်  ဦ့  လို့စဉ်းစားရုံနဲ့ ကျွန်တော့ အတွေးတွေမှာနေရာယူထားတာလည်း ဦးအကြောင်းတွေ့  ဦ့း့  ရယ် ဒီဘဝက ဦးကိုချစ်ဖို့များ မွေးဖွားလာလေ...