ဦး အတိတ်ကိုပြန်သတိရသွာပြီလား။ ရှိုင်း မျက်လုံးတို့က အကြည့်ချင်းဆုံကာ အဖြေရှာနေမိသည်။
ဦးက တိုးတိုးလေးထပ်ကာပြောသည်။
"မင်းက ငါ့ရည်းစားလား "
ဘာလို့မှန်းမသိ ရုတ်တရတ် ရှက်လာမိသည်။ ခုလိုအနီးကပ်ကြီးလာမေးနေတော့။
ရှိုင်း မျက်နှာကို အနည်းငယ် လွဲကာဖြေလိုက်သည်။
"မ့ မဟုတ်ပါဘူး ခများနဲ့ ကျနော် နဲ့က ဘယ်လိုလုပ် ရည်းစားတွေဖြစ်နိုင်မှာလဲ ကြံကြံဖန်ဖန် "
ရှိုင်း မျက်နှာကို အနည်းငယ်လွဲထားတာကြောင့် ဦးနဲ့ နှုတ်ခမ်းချင်းမနီးပေမယ့် ဦး ရဲ့ လေသံတိုးတိုးလေးတွေကာ နား ကို ကလိကလိနဲ့ရိုက်ခက်နေသည်။
"ဒါဆို မင်းနဲ့တွေ့ရင် ငါဘာလို့ ရင်တွေ အဲ့သလောက် ခုန်နေရတာလဲ "
"ဗျာ "
ရှိုင်း ဒူးတုန်ကာ ညွှတ်ကျသွားသည်။ ဦး က ခါးကနေ ပွေ့ဖက်ထားလိုက်သောကြောင့် လှဲကျမသွားပေ။
ဒူးကလည်းတုန် ရင်ကလည်းခုန်နေတော့သည်။"လွှတ် လွှတ်တော့ "
ရှိုင်း အတင်းရုန်းလိုက်တော့ ခြေချောကာ ပစ်ကျသွားသည်။
"အာ့ ကျွတ်ကျွတ် ခများ ဘာလို့ လွှတ်လိုက်တာလဲ "
"ဘာ ဖြစ်သွားသေးလဲ "
"ခများကြောင့်ပေါ့  "
ထိုစဉ် မှတ်ဥာဏ်တချို့က ဦးရဲ့ ခေါင်းထဲသို့ တိုးဝေ့လာသည်။
ပုံရိပ်က ဝိုးတဝါး ကောင်လေးတစ်ယောက်ကို မြင်ယောင်မိသည်။ နောက်လူ တစ်ယောက်က သူကိုယ်တိုင်ပင်ဖြစ်သည်။ ထိုကောင်လေးက သူရှေ့မှာ ချောလှဲကျသွားသော ရှိုင်းမင်းသန့် ဆိုတဲ့ တစ်ယောက်သာဖြစ်သည်။
"ခများ ဘာ ဘာဖြစ်တာလဲ "
"အမ် အမ် ဘ ဘာမှမဖြစ်ပါဘူး "
"လာ လာ မင်းကို ငါပွေ့ချီပြီး ငါ့အခန်းထဲလိုက်ပို့မယ် "
"ခများ အခန်း ဟုတ်လား
မယုတ်မာနဲ့နော့့်  ""ဟာ့း့  "
"ယုတ်မာ မယ်ဆိုရင်ကော မင်းဘာလုပ်မလဲ
ဟိုကောင်နဲ့တုန်းကကြတော့ ကြည်နူးနေလိုက်တာ "
YOU ARE READING
ကျွန်တော်ချစ်သော ဦး (My lovely Oo)
Romanceဦ့း့  လို့ခေါ်ရုံနဲ့ ကျွန်တော့်မှာလုံခြုံနွေးထွေးမှုတွေပြည့်နှက်နေသည့် ရင်ခွင်တစ်ခုကို အမြဲခံစားမိသည့့်  ဦ့  လို့စဉ်းစားရုံနဲ့ ကျွန်တော့ အတွေးတွေမှာနေရာယူထားတာလည်း ဦးအကြောင်းတွေ့  ဦ့း့  ရယ် ဒီဘဝက ဦးကိုချစ်ဖို့များ မွေးဖွားလာလေ...