'ကျွန်မမှာ စောင့်ရှောက်ရမယ့် အရမ်းချစ်ရတဲ့ညီမလေးတစ်ယောက်ရယ် ဂိုဏ်းသူ ဂိုဏ်းသားတွေ ရှိနေတယ်
ကျွန်မ တာဝန် ဝတ္တရားပေါင်းများစွာကို ကျွန်မပုခုံးပေါ်မှာထမ်းဆောင်ထားရတယ်
ကျွန်မအချစ်ကိုမကိုးကွယ်ခဲ့ချင်ပေမဲ့ ကိုးကွယ်ခဲ့မိတယ်
အဲ့တာတွေကြောင့်ရှင့်ကိုကျွန်မခါးသီးတဲ့စကားလုံးတွေနဲ့ငြင်းခဲ့မိတယ်
ဒါပေမဲ့ ကျွန်မရင်ထဲက ရှင့်ကိုချစ်တဲ့အချစ်တွေကို ကျွန်မထုတ်မပြောနိုင်ခဲ့ပဲသိုဝုက်ထားမိတယ်ကျွန်မဝိညာဉ်သာ တစ်ယောက်ယောက်ကိုပူးကပ်ပြီး တစ်စက္ကန့်ဖြစ်စေ တစ်မိနစ်ဖြစ်စေ ရှင့်နံဘေးမှာသာအသက်ရှင်ခွင့်ရမယ်ဆိုရင်
ကျွန်မရှင့်ကိုပြောခဲ့ချင်မိတဲ့စကားတစ်ခွန်းက'"အရမ်းချစ်တယ်...ကျန်းယောင်"
Qin Lan Li(ချင်လန်လီ)
"လန်လီ ငါမင်းကိုပထမဆုံး မင်းတို့ဆီကဘုရားကျောင်းမှာ တွေ့ထဲကချစ်မိတာ ဒါပေမဲ့ငါ့ရဲ့ နှလုံးသားက အချစ်ကို အချစ်မှန်းမသိခဲ့ဘူး
ငါမင်းရဲ့ စေ့စပ်ပွဲသတင်းကြားတော့ ငါရဲ့ရင်တွေကွဲမတတ်နာကျင်ရလို့ မင်းစေ့စပ်ပွဲကိုငါ ဝင်ဖျက်မိတယ်
ငါထင်မထားခဲ့ဘူး ငါ့ရဲ့ခံစားချက်တွေကိုဖွင့်ပြောခဲ့မိလိမ့်မယ်လို့
ဒါပေမဲ့ ကံကြမ္မာရဲ့လှည့်ဖြားမှုတွေကြောင့် ငါကျင့်စဉ်တွေ ဂူအောင်းလေ့ကျင့်နေတုန်းမှာ မင်းဒီဘဝထဲက အပြီးအပိုင်ထွက်သွားခဲ့တယ်
ငါ မင်းပေးခိုင်းထားတဲ့ စာလေးကို ဖတ်ပြီး ဘယ်လောက်ရင်နာခဲ့ရလဲ လန်လီ မင်းသိလား
ငါ မင်းကို မကာကွယ်ပေးနိုင်ခဲ့ဘူးအကယ်၍ နောက်ဘဝများရှိခဲ့သြော်
"မင်းကိုပဲဆက်ချစ်ချင်တယ် လန်လီ"
ВЫ ЧИТАЕТЕ
နောက်ဘဝရှိခဲ့သော် (Zawgyi+Uni)
Исторические романыZaw Gyi# တာဝန် ဝတ္တရားတွေနဲ့ လွှမ်းမိုးခံထားရတဲ့အတွက် အချစ်ဆိုတဲ့စကားလုံး၂လုံးကို မသိကျိုးနွံပြုထားတဲ့ 'ချင်လန်လီ' သူမ အချစ်ကိုနားလည် သဘောပေါက်လိုက်တဲ့အချိန်မှာ အရမ်းနောက်ကျသွားတာကိုသိလိုက်ရတော့.......... Chinese historical ကိုအြေ...