မင်းရှိသောအရပ် (final)

Start from the beginning
                                    

ဒီစကားကြောင့်ပဲ..ကျနော် သူပြောသည့်ချစ်တယ်ဆိုသောစကားကို အရာအားလုံးထက် လိုချင်ခဲ့ပုံပါပင်...

...

ရှန်ဟတ်

.....ငွေရောင်ဆံပင်တွေကို သပ်သပ်ရပ်ရပ်ဖြီးရင်း အနောက်တိုင်းဝတ်စုံကိုအနည်းငယ်ပြန့်အောင် ဖြန့်ရင်းဝတ်ဆင်လိုက်သည်..။

ရင်ဘတ်ကို လှမ်းချိတ်လိုက်တဲ့ ပန်းခတ်လေးကတော့ တိုးတိုးဆိုတယ် ။

"နောက်ဆုံးတော့..ဒီနေ့ကိုရောက်လာခဲ့ပြီပဲ''.လေ။

နေရောင်နုနုဖြာကျနေတဲ့..ရွက်ဝါတွေအောက်က ဘုရားကျောင်းလေးကတိတ်ဆိတ်ငြိမ်သက်လို့...။

တစ်ချက်တစ်ချက် မြည်နေတဲ့

နာရီသံက သူ့ရင်ခုန်သံနဲ့အပြိုင်မြည်ဟီးလို့...။

ဖာသာကို တစ်ချက် အရိုအသေပေးရင်းပွင့်လာမယ့်တံခါးနှစ်ချက်ကိုသူ ရပ်စောင့်နေလိုက်တယ်...။

ဘာရယ်မဟုတ်..

အဖြူအနွမ်းလေးကျောင်းဝတ်စုံထီးအနက်လေးကို ကိုင်ရင်းကျောင်းဝင်းထဲ ဝင်လာတတ်တဲ့ပုံရိပ်လေးကို တွေးမိတော့ နှစ်နှစ်ခြိုက်ခြိုက် ကိုပြုံးရယ်မိသည်.။

.မကြာခင်မှာပဲ ခပ်သဲ့သဲ့မြည်သံနဲ့အတူပွင့်ဟလာတဲ့ တံခါးနှစ်ချပ်နဲ့အတူထွက်ပေါ်လာသော အဖြူရောင်ဝတ်စုံလေးကိုဝတ်ဆင်ပြီးကျနော့်ဘ၀ရဲ့ တစ်သတ်တာကောင်လေးဟာ

လျှောက်လမ်းအဆုံးက

မြတ်နိုးစွာငေးနေတဲ့အနက်ရောင်ဝတ်စုံပြည့် ဆံပင်အဖြူရောင်တွေနဲ့သူ့ချစ်သူရှိရာ တစ်လှမ်းချင်း လျှောက်လာတယ် ။

ပါးရဲရဲလေးတွေက ရှက်နေသယောင် ။

အနက်တောက်တောက်မျက်ဝန်းလေးတွေကကြယ်မှုန်လေးတွေကြွေကျလို့နီစွေးစွေးနှုတ်ခမ်းပါးလေးကနှင်းဆီဖြူတွေပေါ် ယိုဖိတ်တော့မယောင်သိပ်ကိုလိုက်ဖတ်နေခဲ့တယ်...

သူနဲ့အတူတစ်သတ်တာကုန်ဆုံးသွားမယ့် ချစ်ရတဲ့ကောင်လေး..။

သည်းငယ်..

မောင်တို့ဖြတ်သန်းခဲ့ရတဲ့နေ့တွေကိုသတိရတယ်ဆိုရင်ဖြတ်လမ်းအဆုံးကို လျှောက်လာပါ..

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now