မင်းရှိသောအရပ် (final)

Start from the beginning
                                    

ရှန်ဟတ်က..ခုနကကောင်မလေးအားလက်တစ်ဖက်ဖြင့်ဆွဲဖက်လိုက်သည်..။

"သူ့ရည်းစားပဲ..ရာရာစစမင်းကအဖြေတောင်းရဲတယ်..ပညာပေးမှဖြစ်တော့မယ်..မင်းလိုကောင်''

ရှန်ဟတ်ရဲ့ဖိန့်လုံးမှာပြားပြားဝပ်သကောင့်သားသည်မျက်စိမျက်နှာပျက်ဖြင့်..ပန်းစည်းလွှတ်ချကာထွက်ပြလေသည်..။

"အသက်ထပ်ချစ်တယ်ဆိုပဲ..ဟက်..''

ရှန်ဟတ်က.ခပ်ရွဲ့ရွဲရယ်ရင်းမှ.ထိုကောင်မလေးအား..လှည့်ကြည့်သည်..။

"ချစ်တယ်ပြောတိုင်း..တကယ်မထင်နဲ့ကြားလား..''

"ဟုတ်''

ထိုကောင်မလေးက..မဲ့တဲ့တဲ့ဖြင့်ခေါင်းလေးငြိမ့်သွားရှာသည်..။ရှန်ဟတ်..ကျနော့်ဆီအေးအေးလူလူပြန်လျှောက်လာသည်..။

"နားမလည်သေးဘူးမလားငအဆိုတော့.
.တကယ် လေးနက်တဲ့လူတစ်ယောက်ကကောင်မလေးကို..စစတွေ့ထဲက..သေလောက်အောင်စိတ်ဝင်စား တယ်ဆိုရင်တောင် မသေချာပဲ
..ချစ်တယ်(love)ဆိုတဲ့..စကားကိုမသုံးဘူး..သဘောကျတယ်ဆိုပြီး..စတွဲတယ်..
ဒီမိန်းကလေးကို..လက်ထပ်မယ်သေချာမှချစ်တယ်ပြော..တစ်ခါတည်းလက်ထပ်ခွင့်တောင်းတယ်''

ကျနော်ပြုံးမိသွားသည်..။

"ငါနားလည်ပြီ''

"ချစ်တယ်ဆိုတဲ့..စကားကတစ်သတ်လုံးမှာ..လူတစ်ယောက်အတွက်ပဲသုံးခွင့်ရှိတဲ့..limitedစကားပဲလို့..ဒီလိုပဲ..ငါခံယူထားတယ်''

ကြီးကြီးကျယ်ကျယ်..Limitedက..ပါးစပ်ဖျားကကိုမချသော

"ဒါကြောင့်အဲလူကို..တစ်သတ်လုံးအတွက်မရည်ရွယ်ပဲ..ချစ်တယ်ဆိုတဲ့..စကားငါ.ဘယ်တော့မှ..ပြောမှာမဟုတ်ဘူး ''

"ဒါကြောင့်..မင်း..အကယ်၍ မင်းငါ့ကို..ချစ်လာခဲ့ရင်..''

မင်းကို..ငါကချစ်စရာလားဟုပြန်ရန်ထောင်ချင်သော်လည်း..လက်တွေ့တွင်လေးနက်နေသောမျက်ဝန်းများကြောင့်ကျနော်..ပြောမထွက်ခဲ့..။

"အစားထိုးစရာစကားတွေအများကြီးရှိတယ်..ကြိုက်တယ်..စိတ်ဝင်စားတယ် ။အများကြီး.မင်းကြိုက်တဲ့စကားနဲ့
ငါ့ကိုတွဲလို့ရတယ်.ဒါပေမယ့်တစ်သတ်လုံး အတွက်..ရည်ရွယ်မှချစ်တယ်လို့..ပြောပါ..
ပြောပြီးရင်တော့..မင်းငါ့တစ်ယောက်တည်းကိုပဲတစ်သတ်လုံး..ချစ်ရမယ်..
တစ်သတ်လုံး အတွက်မရည်ရွယ်ရင်အဲစကားကို..ယောင်ပြီးတော့တောင်
မပြောနဲ့မင်းဖြစ်နေလို့..ငါပိုပြီးအလေးနက်ထားတယ်..နောင်...ငါပိုပြီးတန်ဖိုးထားတယ်..ခွင့်လွှတ်မိမှာလည်း..မဟုတ်ဘူး...''

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now