Part.36::စောင့်နေသူ

Start from the beginning
                                    

ဒီအချိန်တွေအတွင်း
ဆံပင်ညှပ်နည်းစာအုပ်တွေထိုင်ဖတ်တယ် ။

ရှည်ထွက်လာတဲ့ဆံပင်နက်နက်လေးတွေကိုသေချာ ပုံဖော်ညှပ်ပေးတယ်..

အောက်ကခံထားတဲ့ပိတ်ဖြူပေါ်ကျလာတဲ့ဆံပင်လေးတွေကို အိတ်ရှုံ့ လေးတစ်ခုထဲ စုထားတယ်။

တစ်ခါတစ်လေအစားဂျီးများတဲ့ကောင်လေးအတွက်ဟင်းချက် နည်းကောင်းကောင်းလေးတွေလေ့လာတယ်...။

နိုးထလာရင် ချက်ကျွေးဖို့..

ခြေဖျားလက်ဖျားတစ်ခုဆီကအစရေပတ်တိုက် သန့်စင်ပေးရင်းညစ်ပတ်တတ်တဲ့ကောင်လေးနိုးလာရင်ရေချိုးဖို့ အာပေါက်မတတ်ပြောရမဲ့အကြောင်း တွေးမိတော့သူမကြာခဏ ပြုံးဖြစ်တယ်...။

ပန်းလေးတွေ အမြဲလဲထိုးပေးတယ်..

ကာနေးရှင်း အနီ အဝါ အဖြူစသဖြင့်...တစ်ခါတစ်လေ အဝတ်အစားလေးတွေဝယ်လာတတ်တယ်..။

အပြာနုလေးတွေ အစိမ်းနုလေးတွေ..

အဲဒါနဲ့လိုက်ဖတ်တဲ့နားကပ်သေးသေးလေးတွေ..။

စာရွက်100ပါတဲ့စာအုပ်အဖြူကိုဝယ်ရင်းသစ်ရွက် luckyလေးတွေတစ်ရွက်ချင်းဆီတယုတယ ညှပ်ထည့်တယ်..။

သူ့မှကိုယ်ပိုင်အချိန်ဆိုတာတောင် သိပ်မရှိဘူး..။

အိပ်မောကျနေတဲ့ချစ်သူနားက တစ်ဖဝါးမခွာဖို့

ထပ်ခါတလဲလဲ တောင်းဆိုတတ်တဲ့သိပ်ခန့်ညားတဲ့ကောင်လေးရဲ့..အပြုအမူတွေကအစက ပိုတယ်ထင်ကြတယ် ။

ယောကျာ်းလေးနှစ်ယောက်ကြားက ချစ်ခြင်းကြောင့်လည်း စိတ်သဘောထားသေးတဲ့သူတွေက လှောင်ပြောင်ကဲ့ရဲ့ ကြပေမဲ့ အတွေးအခေါ်မြင့်တဲ့နိုင်ငံမလို့  အများစုက သိပ်အားကျသလို သိပ်လည်းသဘောကျလာကြတယ် ။။

အနေတည်လွန်းတာကြောင့်သိပ်မကပ်ရဲကြသလို ဘယ်အချိန် စတွေ့တာလဲ ၊ဘယ်လို စသိတာလဲ ဆိုတဲ့
မေးခွန်းလေးတစ်ချို့မေးဖို့တောင်မဝံ့ရဲကြပြန်ဘူး။

အကြောင်းပြချက်ကရှင်းပါတယ်..

ဆံပင်ဖြူတွေနဲ့ ကောင်ချောလေးဟာသူ့ချစ်သူကလွဲ ဘယ်သူ့ကိုမှနူးနူးညံညံမဆိုတတ်တာကြောင့်ပဲ...။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now