အရုပ်လေးကိုပိုက်ရင်းသူ့အဖေပြန်အလာကို အမြဲမျှော်နေတတ်တဲ့ဆံပင်ဖြူတွေနဲ့ကလေးလေး...
ပြန်မလာတော့မှာသိရက်နဲ့တောင် ပြတင်းပေါက် ကိုကြည့်နေမိခဲ့ချိန်တွေ။
အတိတ်ဆိုတာ မကောင်းရင်မလွမ်းသင့်တဲ့အရာမျိုး..မလို့  သူပျော်နေတဲ့ လက်ရှိအချိန်တွေဆီပြန်လာခဲ့ရင်း
နဖူးပြင်လေးကို ခပ်ဖွဖွနမ်းရှိုက်တော့ လှိုက်ဖိုမှုက သူ့ရင်ခွင်တစ်ခုလုံးပြန့်နှံ့ သွားတယ်။
စင်းကျနေတဲ့မျက်တောင်တိုစိပ်စိပ်လေးတွေ
နှုတ်ခမ်းမထူမပါးလေးရယ်။
"တကယ်တော့ မင်းကသိပ်လှတဲ့ကောင်လေးနောင် ဒါပေမယ့် ငါမင်းလှတယ်ဆိုတဲ့အကြောင်း
ထပ်မပြောဖြစ်လောက်ဘူးမင်းသိပ်လှမှန်းမင်းကိုယ်မင်းသိသွားရင်
သဝန်တိုလွန်ပြီး ရူးကျန်မှာစိုးလို့ပါ...မင်းကအဲလောက်ထိ လှပါတယ်
ကိုယ့်ကိုယ်ကိုဘယ်လောက်ချစ်ဖို့ကောင်းလဲတောင် မသိတဲ့ငတုံးလေး
လမ်းခွဲမယ်ဆိုတဲ့စကားကိုပဲနားထောင်ပြီး ငါ့ရင်ထဲကို ဘယ်တော့မှမြင်အောင်မကြည့်တတ်တဲ့ငတုံးလေး...''ဒဏ်ရာတွေကြောင့်နှစ်တစ်ဝက်လောက်စောင့်ရမယ်ဆိုတဲ့ ဆရာဝန်ရဲ့စကားကိုသူနှစ်ခြိုက်စွာ ပြုံးမိတော့အူကြောင်ကြောင်ကြည့်သွားတဲ့ မျက်ဝန်းတွေ ။
ဆယ်စုနှစ်တစ်ခုတောင်ကျော်လွန်စောင့်ဆိုင်းခဲ့ပြီးပြီ..။
ဒီအချိန်လောက်ဟာ ဟာသဖြစ်နေမှန်း
သူ ဖြေရှင်းချက် မထုတ်ဖြစ်တော့ဘူး.။စက္ကန့် တစ်ရက် တစ်ပတ် တစ်ခုချင်းစီ ကိုနောက်ထပ်မရနိုင်တော့သလိုအမြတ်တနိုးမှတ်သားရင်း စောင့်ဆိုင်းတယ်..။
YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)
Part.36::စောင့်နေသူ
Start from the beginning