လူလည်ကျတဲ့ Jendeuk

Start from the beginning
                                    

မက တဖြည်းဖြည်း အနောက်ဆုတ်သွားပေမဲ့
ကုတင်ခေါင်းရင်းနား ရောက်သွားပြီး
နောက်ထပ်ဆုတ်စရာနေရာမရှိတော့တာကြောင့်
Jennie မနား တိုးကပ်သွားပြီး
မ အပေါ်ကနေ အုပ်မိုးကြည့်လိုက်ရင်း ....

" ဘာနေနေ ပြန်ယူမှာ အဲ့ဒီအနမ်းတွေ
ပြီးတော့ ပြောပြန်ပြီလား အဲ့ဒီပြတ်တဲ့စကား
အဲ့လိုပြောရတာ သိပ်ကြိုက်နေတာလား Chi Chu "

" Jennie..ငါ့အပေါ်ကနေဖယ်စမ်း ...
အိမ်မှာ လူကြီးတွေရှိနေတယ်လေ ..."

မက Jennie ကိုရှောင်ဖို့ကြိုးစားရင်း
အခန်းတံခါးဆီ အကြည့်ရောက်သွားတာကြောင့်

" တံခါး Locked ချခဲ့တယ် ....
ဘာလဲ မိဘတွေသိမှာကြောက်လို့လား
အော်ပြောလိုက်ရမလား တစ်ခါတည်းသိသွားအောင်
Omon...ie "

Jennieရဲ့  လေသံက
အနည်းငယ်မြင့်သွားတာကြောင့်
မက သူ့ရင်ဘတ်ကို ကာထားတဲ့
အင်္ကျီလေးကို လွှတ်ချလိုက်ပြီး
Jennie ရဲ့ ပါးစပ်ကို သူ့လက်ချောင်းလေးတွေနှင့်
လာပိတ်လေ၏။

" Yeah...နင်ဘယ်လိုဖြစ်နေတာလဲ
ရူးနေတာလား"

Jennie မရဲ့ ကြောက်သွားတဲ့ အပြုအမူလေးကို
သဘောကျတာကြောင့် ရယ်လိုက်ရင်း
Jennieနှုတ်ခမ်းကို လာထိထားတဲ့
မရဲ့ လက်ချောင်းလေးတွေကို နမ်းလိုက်သည်။

ထို အခိုက်အတန့် ခနလေးမှာပဲ
မက Jennieကို တွန်းဖယ်လိုက်ပြီး
ချွတ်ထားမိတဲ့ အင်္ကျီကို
အလျှင်အမြန်ပဲဝတ်လိုက်လေ၏။

Jennie. မရဲ့ ကုတင်ပေါ်လှဲအိပ်လိုက်ရင်း
မကို ပြုံးပြီးကြည့်နေလိုက်သည်။

" Chi. Chu...yah...."

မက Jennie ကိုမျက်စောင်းလှလှလေးထိုးပြီး
လှည့်ကြည့်လေသည်။

ထိုအခိုက်အတန့် ခနလေးအတွင်းမှာ
Jennieရဲ့ ရင်ခုန်သံတို့
အသစ်တစ်ဖန်ထပ်မွေးဖွားလာခဲ့ပြီး
မရဲ့ လက်ကလေးကို လှမ်းဆွဲဖို့ကြိုးစားလိုက်သည်။

Jennie ရဲ့စိတ်ကို Jennie ထက်ပိုသိနေတဲ့ မက
ချက်ချင်းရှောင်သွားတာကြောင့် ....

" Honey...ငါတို့ ရှင်းရအောင် ...."

" ဘာကိုရှင်းမှာလဲ "

Hope Not (Completed)Where stories live. Discover now