3) Our class scary Snow White Princess

Start from the beginning
                                    

**ဟုတ်တယ်  မများပါဘူး နှစ်ချက်ထဲ **

**ဟုတ်ကဲ့ ပါ ပြောပါဗျာ**

**ပထမအချက် မြန်မြန်တော့မနင်းပေမဲ့ တခုခုဆို အန္တရာယ် များတာကြောင့် သေချာကိုင်ထားရမယ် **
**ဒုတိယက ကိုင်ထားရင် နောက်ခုံကိုလဲမကိုင်ရဘူး ငါ့ခါးကိုပဲဖက်ထားရမယ် **
**တတိယအချက် တင်းတင်းဖက်ထားရမယ် ဖွဖွလေးဆို ယားတတ်လို့ **
**ဒါပဲ ပြီးပြီ နားလည်လား**

**ဟုတ်**

နောက်ဆုံးတော့ အဓိကအချက်က သူ့ခါးကို သေချာဖက်ထား ဒါပါပဲ
ကျွန်တော့် ချစ်သူက သိပ်ပြီး ရိုးအတာပဲ
တော်တော်မလည်ဝယ်ရှာတာ....

မနက်ခင်းရဲ့ လန်းဆန်းစိမ်းစိုနေသော မြင်ကွင်းဟာ
လိုက်ဖက်ညီသော စုံတွဲတစ်တွဲ္ဗ္ဗကြောင့် ပိုမိုလှပနေခဲ့သည်။

တင်းတင်းကြပ်ကြပ်ဖက်ထားတဲ့ ချစ်ရသူရဲ့လက်တစ်စုံဆီမှ
စီးဆင်းလာတဲ့အနွေးဓာတ်က
Yoongiရဲ့ နှလုံးသားတစ်ခုလုံးအထိနွေးထွေးစေပါသည်။

မနက်ခင်းရဲ့နေခြည်နွေးနွေးအောက်မှာ
စက်ဘီးနင်းနေတဲ့ ကောင်လေးတစ်ယောက်ကတော့
အသက်ဝင်တောက်ပနေတဲ့အပြုံးတွေနဲ့ပေါ့
ချစ်ခြင်းရဲ့ ချိမြိန်မှုကြောင့် ဖြစ်တည်လာတဲ့
အပြုံးတွေ ဟာ မလင်းလက်ဘဲရှိပါ့မလား မလှပဘဲနေပါ့မလားလေ....

အတန်းထဲကိုနှစ်ယောက်သား အတူဝင်လာတော့
ကျောင်းသားတချို့တလေကတော့
လိုက်ကြည့်နေပေမဲ့
Yoongiရဲ့ အကြည့်စူးစူးတို့ကြောင့် ပြန်အကြည့်လွှဲသွားကြသည်။

သူ့ရဲ့ကျောပိုးအိတ်အနက်ရောင်ထဲမှ
တစ်စုံတစ်ခုကို ရှာနေသော Yoongi...

**ရော့ ဒါကိုသောက်**

**ဘာကြီးလဲ**

**နို့ လေ  အပူခံဘူးနဲ့ထည့်လာတာနွေးနေတုန်း သောက် **

**အာ မသောက်ချင်ဘူး**

**မရဘူး သောက်... နောက်နေ့တွေကစ မင်းမနက်စာကို ငါတာဝန်ယူမယ်  **

မျက်နှာလေးရှုံ့မဲ့ပြရင်း တွန့်ဆုတ်တွန့်ဆုတ်နှင့်
နို့ကို သောက်လိုက်ရသော Jimin...

In A Relationship with Cute Class Leader [ YM ] ✅Where stories live. Discover now