ချွေးဒီးဒီးကျနေသည့် နဖူးအားလက်ခုံဖြင့် အသာအယာပွတ်ရင်း Sehun အပြေးလေ့ကျင့်စက်ပေါ်မှဆင်းလိုက်ပါ၏။မနက်ခင်း အားကစား က အလေ့အကျင့်လိုဖြစ်နေသော်ငြား ဟိုတုန်းကလိုတော့ အပြင်တွင်မပြေးဖြစ်။အိမ်အနီးအနားရှိ gym တွင်သာ သွားကစားဖြစ်သည်မှာ သုံးလနီးပါးလောက်ရှိပြီဖြစ်ပါ၏။
"Sehun ... ပြန်တော့မို့လား "
Trainer အကိုကမေးသည့်အခါ Sehun ရေသောက်နေရင်းမှ
"အင်း ... ဒီနေ့နည်းနည်းပင်ပန်းနေလို့ "
Sehun , sport bag ကိုကောက်လွယ်ရင်း ကားပါကင်သို့ဆင်းခဲ့လိုက်သည်။သာမန်ရိုးကျအတိုင်း ကားထဲကိုရောက်တော့ စက်နှိုးပြီး တစ်မိနစ်လောက်ငြိမ်ငြိမ်လေးထိုင်နေမိသည်။ချွေးနည်းနည်းတိတ်သွားတော့မှ
ကားမောင်းခဲ့လိုက်သည်။Gym က Sehun အိမ်နဲ့ 2 ဘလောက်လောက်သာဝေးတာမို့ အကြာကြီးမောင်းစရာမလို။Sehun ကားကိုပါကင်ထိုးခဲ့ပြီး
ဓာတ်လှေကားစောင့်နေရတုန်း ဖုန်းလာတာကြောင့် ကြည့်လိုက်တော့ နံပါတ်စိမ်းတစ်ခု ... ။Sehun အရေးမစိုက်ဘဲဖုန်းချပစ်လိုက်သည်။ဒုတိယတစ်ကြိမ် ထပ်ဝင်လာပြန်တော့ Sehun ဖုန်းပါပိတ်ထားပစ်လိုက်သည်။
ဘာရယ်မဟုတ် .... ။
Baekhyun ကိုသတိတော့ရမိပါ၏။သူဆို အရင်က Sehun သူ့ဖုန်းကိုမကိုင်မှန်းသိတော့ တခြားဖုန်းနံပါတ်အစိမ်းတွေနဲ့ခေါ်တတ်ပါ၏။
"ကျစ် .... သပ်သပ်ဒီချီးထုတ်ကိုဘာလို့တွေးမိရတာလဲ ! "
Sehun ခပ်တိုးတိုးဆဲရေးမိရင်း သူ့အကြောင်းကိုမစဉ်းစားမိအောင်နေလိုက်သည်။သို့သော် မရ .... ။
Sehun စိတ်ထဲအနှောင့်အယှက်တစ်ခုအဖြစ် သူက cross ဖြစ်ကာကျန်ရှိတုန်း။
ဘယ်လိုပဲ ဒီနိုင်ငံကထွက်သွားပြီဆိုဦးတော့ .. Sehun အတွက်ကတော့ သူကမရှိလေကောင်းလေ။သို့တည်းမဟုတ် ... Sehun ဘ၀မှာ မပါဝင်ခဲ့လေကောင်းလေသာ။
YOU ARE READING
the V I L L A I N(Zawgyi+Uni)
Fanfictionကိုယ်မရည်ရွယ်ခဲ့ပါဘူးကလေးရယ်... သိပ်များမုန်းနေခဲ့သလားကွယ်။