TSY's Birthday Extra

7.2K 440 25
                                    

[ Zawgyi ]
----------------

" ရှားဘယ်သွားလဲ အမေ ? ရှားကိုမနက်ကတည်းကမတွေ့လို့ "

အိပ်ယာကနေနိုးလာတော့ ဘေးချင်ကပ်ရပ်တွင်ရှားကရှိမနေ ။ ရေမိုးချိုးပြင်ဆင်ပြီး အလုပ်သွားရန်အဆင်သင့်ဖြစ်နေတဲ့အထိ ရှားကိုမတွေ့သေးပါ ။ တစ်အိမ်လုံးနှံ့နေအောင်ရှာသော်လည်းမတွေ့၍ ရှားရဲ့မွေးသမိခင် အမေ့ကိုထုတ်မေးလိုက်ရခြင်းသာ ။

" သားသားကအလုပ်ကိစ္စရှိလို့ဆိုပြီး မနက်အစောကတည်းကထွက်သွားတယ်လေသားရဲ့ ... သားကိုပြောမသွားဘူးလား ... အမေကသားသိမယ်ထင်လို့ "

" ခင်ဗျာ ... အလုပ်ကိစ္စရှိလို့ဟုတ်လား ? ဟင့်အင်း ရှားကျွန်တော့်ကိုဘာမှပြောမသွားဘူး "

" ဒါဆိုဖုန်းဆက်ကြည့်လိုက်ပါလားသားရဲ့ ... အကျိုးအကြောင်းသိရတာပေါ့ ... ဒီကောင်လေးပြောဖို့မေ့နေတာလည်းဖြစ်နိုင်တယ် ... ဒါနဲ့ သားအလုပ်သွားတော့မလို့လား ... မနက်စာစားသွားအုံးလေ ... အမေ မုန့်ဟင်းခါးဝယ်ထားတယ် ... စားသွားချည် "

" ဟုတ်ကဲ့ "

အိမ်နောက်ဖေးဘက်သို့ဝင်သွားသောအမေ့ကိုကြည့်နေရင်းမှ ရှားဆီသို့ဖုန်းဆက်မေးရန်ပြင်လိုက်သည် ။ တတူတူဖြင့်ဝင်သွားသော phone call လေးကြောင့် စစ်ရောင်ရဲ့စိတ်တွေအနည်းငယ်လှုပ်ရှားလာ၏ ။

လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ သတ်မှတ်ချိန်အတွင်းပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်

" ဟာ ကျစ် ! ရှားရာ ... ဖုန်းကိုင်စမ်းပါကွာ "

ခနခနဆက်ကြည့်သည် ။ သို့သော်လည်း အဖြေကမထူးမခြားနားလူကြီးမင်းနဲ့ချည်းသာတိုးနေလို့ စစ်ရောင်စိတ်ထဲထင့်သွားရသည် ။

ထိုစဉ် အတွေးတစ်ခုကခေါင်းထဲဝင်လာတော့ လူကအလို လိုစိတ်ပျက်လက်ပျက်ဖြင့်လက်မှိုင်ကျသွားခဲ့သည် ။

ရှားသူ့ကိုစိတ်ဆိုးနေတုန်းပဲကိုး ... ။

ရှားကြိုက်တဲ့ရုပ်ရှင်ကားရုံတင်တယ်ဆို၍ ရှားကသူနဲ့အ တူတူသွားကြည့်ရန်ပြောလာတာမို့ စစ်ရောင်လည်းလက်ခံလိုက်တော့ ရှားကရုပ်ရှင်လက်မှတ်ပင်ဖြတ်ကာရုံကနေသူ့ကိုစောင့်သည် ။ သူကတော့အလုပ်ကနေတန်းလာရမှာမို့ ရှားကိုအရင်ကြိုစောင့်ခိုင်းနှင့်ရခြင်းသာ ။

To  Love  District ( Complete ) [ ZG & Uni ]Where stories live. Discover now