တကယ်တော့ ထိုနောက်ဆက်တွဲဆိုးကျိုးက တစ်နေ့နေ့ တစ်ချိန်မှာ ပေါ်ပေါက်လာမယ်ဆိုတာ Can သိပြီးသားဖြစ်သည်။ ပေါ်ပေါက်လာခဲ့ရင်လည်း ဘယ်လို ရင်ဆိုင် ဖြေရှင်းရမယ် ဆိုတာကို Can ကြိုတွေးထားပြီးဖြစ်သည်။
ဒါပေမဲ့ လက်တွေ့ ရင်ဆိုင်လိုက်ရချိန်မှာတော့ Can ဘယ်လိုမှ နလန်မထူနိုင်အောင် နှလုံးသားတွေ အပိုင်းပိုင်းအစစ ကြေမွ ကြွေကျ ခဲ့ရသည်။
ဖြစ်ပွားပုံကတော့ မနက်စာစားအပြီးမှာ သူက အစီအစဉ် တစ်ခုပြောကြားခဲ့သည်။ဒီနေ့ ဟိုတယ်သွားဖို့မရှိဘူးဆိုတော့ ကိုးနာရီခွဲလောက်ကျရင် စာအုပ်မိတ်ဆက်ပွဲတစ်ခုသွားရမယ်၊ အဲ့ဒီကအပြန် ဂျပန်ဆိုင်လေးတစ်ခုမှာ ဂျပန်စာ စားမယ်
Can ထိုအစီအစဉ်ဖြင့် ကိုးနာရီလောက်မှာ အပြင်သွားဖို့ အဆင်သင့့်ဖြစ်နေပြီမို့ ဧည့်ခန်းထဲမှာ ကြိုစောင့်နေလိုက်သည်။ ကိုးနာရီ ထိုးပြီးသွားချိန်မှာတော့ သူကလည်း ပန်းနုရောင် ပိုလို ရှပ်လက်တို ကို ဂျင်းပန်န် နှင့် တွဲဝတ်ပြီး အိမ်ပေါ်မှ လန်းဆန်းပေါ့ပါးစွာ ဆင်းလာပါသည်။
ထိုအချိန်မှာ Can တို့ နှစ်ယောက်ကြား သို့ သူ့သူငယ်ချင်းဖြစ်သူ Mark ဝင်ရောက်လာမှ ပြသနာ စတင်ခဲ့သည်။ဟာ....Mark ထူးထူးဆန်းဆန်း ဖုနး်မဆက်ပဲ ဘယ်လိုပေါ်လာတာလဲ
တမင်မဆက်တာကွ၊ ပစ္စည်း လည်းပေးစရာရှိလို့၊ အရေးကြီးတဲ့ ကိစ္စ လည်းပြောစရာရှိလို့
ဒါဆို ထိုင်ဦးကွာ...ငါတို့ခုပဲ အပြင်ထွက်တော့မလို့် ....
ရတယ် မထိုင်တော့ဘူး ...မင်းစုံစမ်းထားခိုင်းတဲ့ ကိစ္စ အိုကေပြီး Tin
ဟင် ! အိုကေပြီ၊ မင်းတကယ်ပြောတာလား Mark၊ ဒါဆို....
နေဦး Tin ငါမင်းတာအရင်ဖြေ၊ Pete ရဲ့အဖြစ်ကို တိတိကျကျ သိရရင် မင်းဘာလုပ်မလဲ Tin
Can ရင်ထဲ ဒုနး်ခနဲဆောင့်တက်သွားပြီး P'Mark ကို မော့ကြည့်လိုက်သည်။
YOU ARE READING
ချစ်သူလူလည်ချစ်ဓားပြလေး 💙💚[completed]
Fanfictionလိုချင်တာမရရအောင်ယူတတ်တဲ့Can တစ်ယောက် Tin ကိုတွေ့ပြီး Tin မှာ ချစ်ရတဲ့သူရှိနေတဲ့အခါ ဘယ်လိုမျိုး လုပ်ပြီး ရယူမလဲ 😉😉