အဲဒီနေ့က Can ရဲ့ ကြိုးစားမှုအတွက် ဟိုတယ်မှာ ဒင်နာနှင့် ဂုဏ်ပြု ပေးသလို သုံးယောက်သား ပျော်ပျော်ပါးပါး ကာရာအိုကေ ဆိုပြီးကြချိန်မှာ ဘွားဘွားက Can ကို ပေါ်တင်ချီးကျူးလာခဲ့ပါသည်။ သားဟာ ဘွားဘွားတို့ရဲ့ အားဆေးလေး တစ်ခွက်ပါပဲ သား Can ရယ် သား စ ရောက်လာကတည်းက ဘွားဘွားတို့ရဲ့စိတ်ခံစားချက်တွေ တစ်မျိုးပြောင်းလဲခဲ့ရတယ် ပျော်ရွှင်မှုတွေ အတွေ့အကြုံ အသစ်အဆန်းတွေလည်း ရခဲ့တယ် လူမှုရေး ကျန်းမာရေး စီးပွားရေး အားလုံး အဆင်ပြေခဲ့ရတယ် ဒါနဲ့ သားကို မေးရအုန်းမယ်
ဟုတ် မေးပါ ဘွားဘွား
သားက အရွယ်လေးကလည်းတင့်တယ် ရုပ်လေးကလည်း ချစ်စရာလေး ပညာလေးကလည်းတတ်တယ်အဆင့်အတန်းလေးကလည်းရှိဆိုတော့ အိမ်ထောင်ပြုဖို့ အစီအစဉ် တော့ မရှိဘဲမနေဘူးထင်တယ်
မရှိပါဘူး ဘွားဘွား အဲ့လို ကိစ္စ မျိုး မဖြစ်နိုင်ပါဘူး
သြော် အခုမရှိပေမယ့် နောက်ရှိလာမှာပေါ့ ဒီလိုမေးတာ တစ်မျိုးမထင်နဲ့နော် သား ၊ ဘွားဘွားက သားကို ကိုယ့်မြေးအရင်းလို သဘောထားမိတာဆိုတော့ တကယ်လို့ ရှိလာခဲ့ရင် အဲ့ဒီ ကိစ္စ ကို ဘွားဘွား က တာဝန်ယူပေးမယ် စီစဉ်စရာရှိတာ တွေကို စီစဉ်ပေးမယ် .. .ဘယ်လိုပြောရမလဲ.. .သားနဲ့ လက်တွဲမဖြုတ်ချင်တဲ့သဘောပေါ့ ...
ဟုတ် ကျေးဇူးအများကြီးတင်ပါတယ် ဘွားဘွား ကျတော်လည်း ဘွားဘွား တို့နဲ့ လက်တွဲ ဖြုတ်ဖို့ အစီအစဉ် မရှိသေးပါဘူး
နေပါဦး .....ဘွားဘွား မေ့နေလိုက်တာ၊ ကိုယ့်အလုပ်တွေ ..ကိုယ့်ခံစားမှု တွေနဲ့ ပဲ အချိန်တွေကုန် လို့ ကုန်မှန်းမသိ ဖြစ်နေပြီး သားCan ရေ အခုချိန်ထိ သား Can ရဲ့ မိသားစုတွေနဲ့ မိတ်မဆက်ပေးရသေးဘူးလားလို့ ၊ သားရော မေမေကရော ဘာအလုပ်လုပ်တာလဲ
ဟုတ် မိတ်ဆက်ပေးချင်ပါတယ် ဘွားဘွား တွေ့ပေးဖို့လည်း အစီအစဉ် ရှိပါတယ်၊ ဘွားဘွားကဖွင့်ပြောလာမယ့်နေ့ကို ကျတော် က စောင့်နေတာပါ ၊ ကျတော် စီစဉ်လိုက်ပါ့မယ် အဲ့ဒီ နေ့ကျရင် အားလုံး သိစေရပါ့မယ်
YOU ARE READING
ချစ်သူလူလည်ချစ်ဓားပြလေး 💙💚[completed]
Fanfictionလိုချင်တာမရရအောင်ယူတတ်တဲ့Can တစ်ယောက် Tin ကိုတွေ့ပြီး Tin မှာ ချစ်ရတဲ့သူရှိနေတဲ့အခါ ဘယ်လိုမျိုး လုပ်ပြီး ရယူမလဲ 😉😉