ဒါဆိုလည်​း မနက်​ဖြန်​ ည​နေ ပဲ စီစဉ်​လိုက်​​တော့

အဲ့ဒီ ​နေရာ​လေးမှာပဲ Can ​Mae ဆီ ဖုန်​းဆက်​ ပြီး ချက်​ချင်​းအ​ကြောင်​းကြားခဲ့ပါသည်​။ ထိုအစီအစဉ်​ ဖြစ်​​မြောက်​သွားချိန်​မှာ​တော့ ဘွားဘွား က ရင်​သပ်​ရှု​မော ဖြစ်​ပြီး ဘုရားတ​တော့၏ သူက​တော့ ထုံးစံအတိုင်​း ခပ်​ပြုံးပြုံးပင်​ ။

အမယ်​​လေး...ဘုရား​ရေ....လက်​စသတ်​ ​တော့  Chance Mart ကြီးရဲ့ပိုင်​ရှင်​​လေးဖြစ်​​နေတာကိုး  ​စော​စောက​ပြောပါ​တော့လား ..ဘွားဘွား တို့ အံသြ သွားရ​အောင်​ တမင်​လုပ်​လိုက်​တာမလား...ကြည်​့စမ်​းပါဦး.. .ဘွားဘွား တို့ဆီကိုအလုပ်​ လာ​လျှောက်​ရတယ်​လို့...

စသဖြင်​့ အပြန်​လမ်​းခရီးမှာ တဖွဖွ​ပြောလျှက်​ မြူးထူး​နေခဲ့၏
Can ထိုညက​တော်​​တော်​နှင်​့အိပ်​မရခဲ့ ။ ကိုယ်​့အိမ်​ထဲမှာ ကိုယ်​့ချစ်​သူ နှင်​့အတူတူတွဲပြီး မိသားစု 
စုံစုံညီညီ ဒင်​နာစားခဲ့ရသည်​့ ကြည်​နူးမှု တို့​ကြောင်​့ သူ လက်​​ဆောင်​ဝယ်​​ပေးခဲ့သည်​့ အရုပ်​ကြီးကိုသာဖက်​ပြီး အ​တွေးနယ်​ချဲ့​နေမိသည်​။

အိပ်​​ပျော်​ခါနီးကျ​တော့ Canဆီဖုန်​းမဝင်​စဖူး ထူးထူးဆန်​းဆန်​း ဝင်​လာခဲ့၏
တအံ့တသြ ဖြစ်​ပြီး ခပ်​မြန်​မြန်​​လေး ယူကြည်​့လိုက်​ရာ Ae ဖြစ်​​နေ​လေသည်​ ။

ကြည်​့စမ်​း!
အဘွား​ပြောသလို ကိုယ်​့အလုပ်​ ​တွေ ကိုယ်​့စိတ်​ခံစားချက်​​တွေနဲ့ပဲ အချိန်​ကုန်​မှန်​းမသိ ကုန်​​နေခဲ့ပါလား

ဟာ ...Ae ...မင်​းငါ့ကိုဖုန်​းဆက်​​ဖော်​ ရ​သေးသားပဲ...

အဲဒါ​တွေ ​ပြောမ​နေနဲ့ ငါ မင်​းကို တစ်​ရက်​နှစ်​ရက်​အတွင်​း မင်​းနဲ့​တွေ့ချင်​တယ်​ ၊ ဘယ်​မှာ​တွေ့လို့ရမလဲ...ငါဘယ်​ကိုလာ​တွေ့ရမလဲ..ဒါပဲ​ပြော....

Can ပြုံးလိုက်​မိသည်​။
Can လုပ်​ရပ်​​တွေကို အ​မောင်​ Ae တို့က အခုချိန်​ထိ အခဲ​ကြေ​သေးပုံမ​ပေါ်။ စကားသံက ဘု​ဘောက်​ကျ​နေတုန်​းပဲ။

ငါလည်​း​တွေ့ချင်​​နေတာပါကွာ၊ ငါ့ရဲ့ off day. က Sunday ဆို​တော့ သန်​ဘက်​ခါ.. .အဲဒီ​နေ့်မနက်​ ...ရှစ်​နာရီ​လောက်​ ငါထိုင်​​နေကျ Love Cafe မှာ​တွေ့မယ်​ ဒါနဲ့ ကိစ္စ က အရမ်​းအ​ရေးကြီးသလား Ae
အ​ရေးမကြီးဘဲ ငါကမင်​းကို လှမ်​းချိန်​းရမှာလား ...မင်​းကျန်​တာ​တွေ ဘာမှထပ်​မ​မေးနဲ့ ...မင်​းဘက်​က ​သေချာရင်​ပြီး​ရော ...ဒါပဲ ...

ချစ်​သူလူလည်​ချစ်​ဓားပြ​လေး 💙💚[completed]Where stories live. Discover now