First Kiss 😘😗

Depuis le début
                                    

နှစ်ယောက်သား စားပွဲပေါ်က
လက်ကျန် Strawberryလေးကို
အတူတူစားရင်း အိပ်ခန်းထဲသို့
ဝင်လာခဲ့လိုက်ကြသည်။

" Jendeukie...ခြေထောက်တွေက
အေးစက်နေတာပဲ လက်တွေရော ...
လာ ဒီဘက်တိုး ....Ahh အေးစက်နေတာပဲ"

မ က Jennieရဲ့ လက်ကလေးတွေကို
ကိုင်ရင်း သူ့နားတိုးခိုင်းပြီး
စောင်ခြုံပေးနေလေသည်။

Jennie မရဲ့ ခါးလေးကို တိုးဖက်လိုက်ပြီး
မနဲ့ နီးသထက်နီးအောင် တိုးကပ်လိုက်သည်။

Jennie...မ ဆီက အခုလို ဂရုစိုက်ခံရတာမျိုးကို
သေလောက်အောင် သဘောကျပါသည်။

Jennie မကို ပြုံးကြည့်နေလိုက်သည် ...

အိပ်ဖို့ပြင်နေတဲ့ မက
Jennie သူ့ကို ကြည့်နေတာကိုသိတော့
မအိပ်သေးပဲ Jennie ကိုပြန်ပြုံးပြနေပြန်၏။...

စက္ကန့်ပိုင်းလောက်သာ ကြာတဲ့ထိုအပြုံးလေးက Jennieရဲ့ ထိန်းချုပ်ထားတဲ့ စိတ်တွေကို
လွှတ်ပြစ်လိုက်ဖို့ တွန်းအားပေးသလို
ဖြစ်သွားခဲ့သည် ....
ရက်ပေါင်းများစွာ ထိန်းချုပ်ထားခဲ့ပေမဲ့
အခုချိန်မှာတော့ ...
ထို ထိန်းချုပ်ချင်တဲ့စိတ်
ကြောက်နေမိတဲ့ စိတ်တို့ကို
မ ရဲ့အပြုံးလေးတစ်ခုက
တွန်းလှန်ပစ်လိုက်သလိုမျိုး .....

Jennie...မ ရဲ့ နှုတ်ခမ်းလေးတွေကို
အသံမြည်အောင်
နမ်းပစ်လိုက်သည်။

မက Jennie ကို ကြောင်ကြည့်နေပြီး
တစ်ချက်ထပ်ပြုံးပြပြန်လေ၏။...

ဒါဆိုရင် အခြေအနေ မဆိုးဘူးမလား
မ မျက်နှာမှာ စိတ်ဆိုးတဲ့ အရိပ်အယောင်
မတွေ့ရတာကြောင့်

မရဲ့ နှုတ်ခမ်းဖူးဖူးလေးကို
ထပ်ပြီးJennie ရဲ့ နှုတ်ခမ်းလေးတွေနဲ့
ဖိကပ်လိုက်သည်။

" Ahh....မ ရဲ့နှုတ်ခမ်းလေးတွေက နူးညံ့လိုက်တာ
ဘာလို့အဲ့လောက်တောင် နူးညံ့နေရတာလဲ
ရင်တွေကလဲ ပေါက်ကွဲထွက်မတတ်အောင်
ခုန်နေပြီး ခြေဖျားလက်ဖျားတွေက
ပိုပြီးအေးစက်လာသည် ....
တစ်ခါမှ မနမ်းဖူးတော့ ဆက်ပြီး
ဘယ်လိုနမ်းရမှန်းမသိတာကြောင့်
နှုတ်ခမ်းနှစ်ခုကိုထိတယ်ဆိုရုံပဲ ထိထားနေမိသည်
ထိုအချိန် မ ဆီက တုံ့ပြန်လာတဲ့ အနမ်းကြောင့်
Jennie အနည်းငယ်အံ့သြမိပေမဲ့
မရဲ့ နူးညံ့လွန်းတဲ့ နှုတ်ခမ်းလေးကို
လက်မလွှတ်ချင်တာကြောင့်
အလိုက်သင့်ပြန်နမ်းလိုက်သည်။"
.
.
.
.

Hope Not (Completed)Où les histoires vivent. Découvrez maintenant