Part 33:ပြန်လမ်းမဲ့ခဲ့လေသော

Start from the beginning
                                    

"ကိုယ့်ကိုကြည့်စမ်း..''

သူ ခပ်ကြမ်းကြမ်း အမိန့်ပေးသည်..။ကလေးငယ်ကား မတုန်မလှုပ်..။ဒေါသထွက်ထွက်နဲ့မလှုပ်မယှက်ကိုယ်လေးအား.ဆွဲ.မစေကာ

တစောင်း..ပစ်ချလိုက်တော့။အရိုးတွေပါ မြင်နေရပြီဖြစ်တဲ့..ပေါ့ပါးလွန်းတဲ့ကိုယ်လေးဟာ..မြောက်ခနဲ ပါလာပြီး ​ဖျော့တော့စွာ ခွေခွေလေး လဲလျက်သားပုံကျကာ ထားရာအတိုင်း..။

မရ..သူ့ကိုကြည့်လာရမယ်.

.ဖျော့တော့စွာ လဲနေတဲ့ကလေးငယ်အင်္ကျီ စအား ဆွဲမကာပန်းရောင်ဖျော့နေတဲ့နှုတ်ခမ်းတွေအား..ကြမ်းတမ်းစွာ ကိုက်ဖြတ်နမ်းရှိုက်ရင်းသွေးစတို့ကျဆင်းစေသည်..။

သူ အလိုရှိသည်.
.သူ့ကိုပြန်ကြည့်လာမယ့်ပြန်လမ်းမဲ့..အနက်ရောင်ရေအိုင်လေးထဲမှာ..ကြောက်ရွံမှုနဲ့ ရောယှက်နေသည်ဖြစ်စေ..❇

ကလေးငယ်ကား..အခုထိကြည့်မလာ..

ပေါက်ပြဲကာစီးကျနေတဲ့ သွေးစတို့စီးကျနေသာနှုတ်ခမ်းတစ်စုံအား မျက်နှာလွဲရင်း တစ်ချက်ပြုံးမိသည်..။

ထို့နောက်

သူ အခန်းပြင်သို့ ထွက်လိုက်ကာ

"ကလေး ဒီမှာကြည့်စမ်း...''

အုအုအု

အမည်းရောင် မွေးပွပွလေးတွေကိုခါရင်း friendyလေးက မြူးတူးစွာသူ့လက်ထဲမှခုန်ဆင်းကာနောင့်ဆီအပြေးလေးသွားသည်..။

ကြမ်းပြင်ပေါ် အားပျက်စွာ ကျဆင်းနေတဲ့လက်သွယ်သွယ်လေးတွေအားနှာခေါင်းလေးနဲ့ အသာတိုးကာနမ်းရှုံ့ နေသည်..။တကယ်တော့
Friendy လေးကနောင့်ကိုဆို တစ်ခြားသူတွေထက်ဆိုးကာစကားနားမထောင်ပေမယ့်..အတွယ်တာဆုံးခဲ့ပင်..

နောင်မရှိတော့ထဲက အမြဲခြံထိပ်လေးမှာထွက်မျှော်နေတတ် ခဲ့သည်..။အစားမစားပဲတမှိုင်မှိုင်မလို့ ဝက်ပေါက်လိုကစ်ကစ်လေးမှ.ပိန်ကျလာသည်အထိ..။

အခုလိုခွေယိုင်လဲနေသောနောင့်အား..မကြည့်ရက်သလိုဟန်လေးဖြင့်ပါးပြင်တွေကို လျှာလေးနဲ့အသာတိုးကာလျက်သည်..။

ထို့နောက်..နောင့်ရင်ဘတ်လေးအား.ခေါင်းလေး တိုးကာမည်မျှလွမ်းရကြောင်း ပြနေပြန်သည်..။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now