Part-7

187 22 2
                                    

Xiao Luတစ်​​ယောက်​ ရင်​တုန်​စွာနဲ့ ကန်​​ဘောင်​​​ဘေးက လက်​ရန်းကိုမှီကာ ထိုင်​ရင်း မကြာခင်​ ​ရောက်​လာ​တော့မည့်​ လူရဲ့အ​ကြောင်းကို ​တွေး​နေမိသည်​။ တစ်​ဆက်​ထဲမှာပဲ 'အပြစ်​အရမ်းမကြီးတာပဲ ​ပေးခံရပါ​စေ'ဟု ထပ်​ခါထပ်​ခါ ရွတ်​​နေမိသည်​။ သူ့​အ​နေနဲ့ ပထမဆုံး ဒီလိုလုပ်​ရတာဆို​တော့ ​​တော်​​တော်​​ကြောက်​​နေ​ပေမဲ့ လိုချင်​လွန်းတဲ့စိတ်​က အားသာ​နေတာ​ကြောင့်​ အပြစ်​​ပေးခံရမှာ​တောင်​ မ​ကြောက်​​တော့ဘဲ ဖြစ်​သွားခြင်း.. အခု​တော့ လာရာလမ်းမှ ​စောင့်​​နေရမှာပဲ အကုန်​လုံး ပြင်​ဆင်​ပြီးသွားပြီ​လေ။

ကြာပန်း​ဆောင်​ကို သွားရင်​ တံတားကဖြတ်​ရ​သေးတယ်​ ဒါ​ပေမဲ့ တံတားက အမိုးပါပြီးသား..

Xiao Luက ထိုတံတားဘက်​ကို ချိုးမဲ့​ထောင့်​မှာထိုင်​​နေတယ်​။ ကြာပန်း​ဆောင်​ကို အိမ်​​တော်​က​နေ မဟုတ်​ဘဲ အပြင်​ကလာတဲ့ ဧည့်​သည်​ဆိုရင်​ Xiao Luရဲ့ မျက်​နှာချင်းဆိုင်​က​မှာ ရှိတဲ့ လမ်းက​နေ တံတားဘက်​ကို ချိုးရမှာ..

Xiao luက​တော့ ဧည့်​သည်​လာမည့်​လမ်းရဲ့ ထိပ်​တည့်​တည့်​ တစ်​ဖက်​လမ်းမှာ တည့်​တည့်​ကြီး ထိုင်​​စောင်​​နေ​လေရဲ့.. တံတားဘက်​ကို ချိုးမဲ့​ထောင့်​မ​ရောက်​ခင်​ ပုလဲလုံးများနဲ့ ခန်းစီးသဖွယ်​ကားတာ​အပြင်​ ​နောက်​မှာ ခန်းစီးစနဲ့ ထပ်​ကွယ်​ထားတာ​ကြောင့်​ Xiao Luကို ဧည့်​သည်​ မမြင်​နိုင်​သလို၊ ဧည့်​သည်​လည်း Xiao Lu ကိုမမြင်​နိုင်​။

ဒါ​ကြောင့်​ အမ​တော်​၂က ကြာပန်း​ဆောင်​ အလယ်​တည့်​တည့်​က​နေ ဧည့်​သည်​လာတာနဲ့ Xiao Lu ကို အချက်​ပြဖို့အသင့်​..

မလာခင်​မှာ​တော့ လက်​ရန်း​ဘေးမှာ ထိုင်​လို့ရ​အောင်​ ထိုင်​စရာလုပ်​​ပေးထားတာ​ကြောင့်​ ​ထို​နေရာမှာ ထိုင်​ရင်း ​နောက်​ကလက်​ရန်းကိုပါ မှီထား​သေးသည်​။ သူ့ပုံစံက သခင်​အဆိုး​လေးပုံ​တောင်​ ​ပေါက်​​နေ​သေးသည်​။

လက်​က ယပ်​​တောင်​ကို တဖျပ်​ဖျပ်​နဲ့ခပ်​​နေပြီး.. ဆံပင်​ကို မထုံးဘဲ တစ်​ဝက်​သာသာ​လေးသာ စီးထားသည်​။ ကျန်​တဲ့ဆံပင်​ အချို့ကို ​နောက်​ကိုသာပို့ထားပြီး အနည်းငယ်​သာ ​ရှေ့ကိုချထားသည်​။

You've reached the end of published parts.

⏰ Last updated: Jun 18, 2019 ⏰

Add this story to your Library to get notified about new parts!

Spring Summer Fall in WinterWhere stories live. Discover now