Part-5 🔞

191 28 2
                                    

Warning⚠️:This Chapter contains a lit' bit of sexual sense, whether you read it or not, it depends on your own decision.

' အာ.. မျက်​နှာ​ပေါ်​ရောက်​​နေတာ ဘာအ​​ကောင်​လဲ.. '
သူများအိပ်​​ကောင်း​နေပါတယ်​ဆိုမှ..

'အင့်​ဟာ'ဆိုကာ မျက်​နှာ​ပေါ် ရွကျိရွကျိ သွား​နေတဲ့ အ​ကောင်​ကို လက်​နှင့်​သပ်​ကာ ဖယ်​ချလိုက်​သည်​။

မကြာပါဘူး ပြန်​တက်​လာတဲ့ အ​ကောင်​​ကြောင့်​ ​ဒေါသထွက်​ကာ.. ထထိုင်​လိုက်​ကာ အခန်းအပြင်​ လွှင့်​ပစ်​ဖို့ ကြံရွယ်​ကာမှ ​တွေ့လိုက်​ရသည်​က အ​ကောင်​မဟုတ်​ဘဲ..

"အမ​လေး.. ဗု​ဒ္ဓေါ.. "

လူတစ်​​ယောက်​ သူ့အိပ်​ယာ​ဘေးမှာ ငုတ်​တုတ်​ထိုင်​​နေသည်​ကို​တွေ့လိုက်​ရသည်​။

ခုနက ငါ့မျက်​နှာ​ပေါ်​ရောက်​​နေတာ အ​ကောင်​မဟုတ်​ဘဲ  သူ့လက်​​ချောင်း​တွေပဲ

"ခင်​ဗျား.. အဲ.. ရှင်​.. မဟုတ်​ပါဘူး.. ဒီက ဘာလို့ သူများအခန်းထဲ ​ရောက်​​နေရတာလဲ "

Xiao Luသူ့​ရှေ့က လူကိုကြည့်​ကာ ​ဘယ်​လိုနာမ်စား​သုံးရမလဲမသိ.. ကြည့်​ရတာ သူနဲ့ရွယ်​တူဖြစ်​​နေ​တော့.. ပုံမှန်​အတိုင်းသုံးချင်​​ပေမဲ့ မိမိက မိန်းက​လေးလို့ ဝတ်​ထားတာ​ကြောင့်​ အသုံးအနှုန်း ပြင်​လိုက်​​သော်​လည်း မိန်းက​လေး​တွေလိုလည်း မ​ပြောချင်​တာ​ကြောင့်​ 'ဒီက'ဟုသာ​ပြောလိုက်​သည်​။

သာမန်​မိန်းက​လေး​တစ်​​ယောက်​အ​နေနဲ့ လန့်​စရာဖြစ်​​ပေမဲ့ သူက မိန်းက​လေး မဟုတ်​တာ​ကြောင့်​ ​ကြောက်​စိတ်​မဝင်​မိ ပြီး​တော့ သူ့​ရှေ့က လူကလည်း လူဆိုးပုံမ​ပေါ်​ပေ။ Xiao Luတို့လို အဆင့်​အတန်းမြင့်​ထဲက ပုံ​ပေါ်သည်​။ မိမိ၏ထိုသို့် ထင်​မြင်​ချက်​ကို ထိုလူ့ခါးမှာ ချိတ်​ဆွဲထား​သော ​ကျောက်​စိမ်းပြားက အတည်​ပြု​ပေးလိုက်​သည်​။ ဒီ​ကျောက်​စိမ်းပြားကို သူသိသည်​ ဒါဟာ မိမိတို့တိုင်းပြည်​မှာ ၅ခုသာရှိ​သော ​ရှားပါးရတနာဖြစ်​သည်​။ ဒီလို ရတနာမျိုးကို ဘာ​ကြောင့်​ လက်​လွတ်​စပယ်​ ထားတာလဲဟု သူ​တွေးမိသည်​။

ဘာရယ်​မဟုတ်​ သူ့ကိုရှိန်​လာသလိုပဲ..
ဒါကလည်း သူ့​ရှေ့က လူရဲ့ ဥပတိရုပ်​​ကြောင့်​လည်း ဖြစ်​နိုင်​သည်​။

Spring Summer Fall in WinterWhere stories live. Discover now