ရေမွှေး မသုံးတတ်တဲ့ Unnie နားက
သူမရဲ့ ကိုယ်သင်းရနံ့လေးက
သိပ်ကို စွဲမက်ဖို့ကောင်းစွာဖြင့်
အနံ့လေးတွေက ရနေခဲ့သည်.....
.
.
.
.
" နင် ဒီရက်ပိုင်းတွေအတွင်း
ဘယ်တွေသွားနေတာလဲ
အမြဲနောက်ကျမှ ပြန်လာတယ် "

" ဒီအတိုင်းပဲ
ဒါနဲ့ ...Unnie အဝတ်အစားတွေက
Dinner Dress တွေနဲ့
ဘယ်သွားမလို့လဲ ...."

"Dating"

မ ကJennie ဘက်လှည့်လာပြီး
ပြုံးရင်းဖြေလေ၏။.....
သူမကသာ ပြုံးပြီးဖြေနေပေမဲ့
Jennie ရင်ထဲမှာတော့
နေဆယ်စင်းတောက်လောင်သွားသလို
ခံစားလိုက်ရလေသည် ...

" Dating....ဘယ်သူနဲ့လဲ
Unnie ရည်းစားရနေတာလား
သိတောင်မသိလိုက်ဘူး ....
တစ်ကယ်ပဲ .....Ahhh စိတ်ပျက်လိုက်တာ"

Jennie ထိုစကားတွေပြောရင်း
မျက်ရည်တွေက Jennieမသိလိုက်ခင်မှာပဲ
ဝဲတက်လာလေ၏။.....

နှလုံးသားကလဲ စက္ကန့်ပိုင်းလေးအတွင်းမှာပဲ
ဖြစ်ညှစ်ခံလိုက်ရသလို နာကျင်လာ၏။

+ ဒါဟာ အချစ်များလား
Jennie မ ကို ချစ်မိနေတာသေချာပြီလား
Ahh...မသိချင်ဘူး ဒီခံစားမှုကို
အခုချိန်မှာတော့ ဒီနေရာမှာ
မရှိချင်တော့တာအမှန်ပဲ
တစ်နေရာရာကို ထွက်ပြေးချင်လာတာကြောင့်
ဘာမှာ ဆက်မပြောတော့ပဲ
ဒီအခန်းထဲကနေ ထွက်သွားဖို့ ပြင်လိုက်သည် +

" Yeah...ဘယ်သွားမလို့လဲ Jennie yah..."

Jisoo.... မျက်နှာပျက်ပြီးထွက်သွားတဲ့
Jennieရဲ့ လက်ကလေးကို လှမ်းဆွဲလိုက်သည် ...

.
.
.
Jennie. သူလှမ်းဆွဲတဲ့လက်ကို
ဖြုတ်လိုက်ပြီး နောက်လှည့်မကြည့်ပဲ
ဖြေလိုက်သည် ....

" ကောင်းကောင်း Date ခဲ့"

Jisoo လက်တွေကို ဖြုတ်ချခဲ့တဲ့
သူ့လက်ချောင်း လေးတွေကို ပြန်ဖမ်းဆွဲလိုက်ပြီး

" Yeah....နင်မပါပဲ ငါက
ဘယ်သူနဲ့ သွားDate ရမှာလဲ
အင်္ကျီလဲတော့"

" ငါက ဘာလို့ပါရမှာလဲ သူများအတွဲကြားထဲ"

" သူများအတွဲ ဘယ်ကအတွဲလဲ
Yeah...နင်က ဘယ်လိုထင်နေတာလဲ...
Msg ပို့ထားတယ်လေ မကြည့်မိဘူးလား
ဒီနေ့ အိမ်ပြန်မှာ နင့်ကိုလဲ ခေါ်လာမယ်လို့
အိမ်ကိုပြောထားပြီးပြီ မိသားစု Datingလေ
တစ်ကယ်ပါပဲ Jendeukie ကတော့"

Hope Not (Completed)Where stories live. Discover now