သင်တန်းဆရာက တစ်တန်းလုံးနှင့်
သူမကို မိတ်ဆက်ပေးပြီးနောက်
ကြိုက်တဲ့နေရာမှာ သွားထိုင်ဆိုတာနဲ့

ထိုကောင်မလေးက Jennie ရှိရာနေရာသို့
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး
လာထိုင်လေသည် ....

ထိုနေ့က Jennie ပျော်သွားခဲ့သည် ...

လှတာလေးတွေပဲ သဘောကျတတ်သည့်
Jennie အတွက်...
ကောင်မလေးချောချောလေးတစ်ယောက်
ဘေးနားမှာ အမြဲရှိနေတော့မှာမလား ...

" Anneyong...ငါ့နာမည်က Kim Ji Soo
နင့်နာမည်ကရော ..."

" Jennie...Kim Jennie..."

" Aww...ငါတို့ Kim မျိုးရိုးချင်းတူတာပဲ
အသက်ကရော ...ငါက ၁၈ နှစ်"

" ၁၇ နှစ် "

" Ahh...ငါက တစ်နှစ်ပိုကြီးတယ်
Unnie လို့ခေါ်"

"တစ်နှစ်လေးပဲ ကွာတာကို မခေါ်ချင်ပါဘူး"

" Korea မှာ တစ်လကွာလဲကြီးတာပဲ
Unnie လို့ခေါ်ရမှာပေါ့ "

" ကြီးပါစေလေ မခေါ်ချင်ပါဘူး"

Jennieထိုကဲ့သို့ ပြန်ပြောလိုက်ပြီး
နားကျပ်တပ်ကာ သီချင်းနားထောင်နေလိုက်သည် ။

တစ်နှစ်လေးပဲကွာတာကို
Unnie လို့ဇွတ်ခေါ်ခိုင်းနေတာကြောင့်
ဆက်မပြောချင်တော့ ....

.
.
.
.
Jisoo ကို သင်တန်းဆရာက တစ်ခန်းလုံးနှင့်
မိတ်ဆက်ပေးပြီးနောက်
ကြိုက်တဲ့နေရာမှာ သွားထိုင်လို့ ပြောတာကြောင့်
တစ်ခန်းလုံးကို ဝေ့ဝဲကြည့်လိုက်မိသည် ...

အတန်းရဲ့ နောက်ဆုံးနားလေးက
ခပ်တည်တည်နဲ့ ကောင်မလေးတစ်ယောက်
Jisoo. အတန်းထဲဝင်လာကတည်းက
မျက်တောင်မခတ်စတမ်း ကြည့်နေတာကို
သတိထားမိလိုက်သည် ...

ထို ခပ်တည်တည် စိုက်ကြည့်နေတဲ့
ကောင်မလေးဆီက ဘယ်ကမှန်းမသိတဲ့
ဆွဲဆောင်မှု တစ်ခု ရှိနေလေသည် ....
ထို ...ဘာမှန်းမသိတဲ့ ဆွဲဆောင်မှုကြောင့်ပဲ
ထိုကောင်မလေးနား သွားထိုင်ဖို့
ဆုံးဖြတ်လိုက်သည် ....

ထိုကောင်မလေးနဲ့ စကားပြောဖို့
မိတ်ဆက်လိုက်ပေမဲ့ ...
စကားပြောရတာ အချိုးမပြေ ...
သူ့ထက်ကြီးလို့ Unnie လို့ခေါ်ပါဆိုတာကို
တစ်နှစ်လောက်ပဲကွာတာကို
မခေါ်နိုင်ပါဘူးဆိုပြီး...
နားကျပ်တပ်ကာ သူ့ဘာသာသူ
အေးအေးဆေးဆေး နေနေတော့သည် ...

Hope Not (Completed)Where stories live. Discover now