Chapter 1

1.2K 51 23
                                    

ဇာတ်လမ်းအစမှာတော့

.

.

.

မတ်လ ၂၁ ရက် - ၂၀၁၉

Sydney , Australia .

လူအရမ်းစည်ကားတဲ့ ရထားဘူတာရုံမှာ ရပ်လိုက် သွားလိုက်နဲ့ ရထားများစွာရှိနေသည် ။ Sydney မြို့ရဲ့ ရုံးဆင်းချိန်တွေဟာ တကယ် ရှုပ်ယှက်ခက်လွန်းလှသည် ။ မိသားစုညစာစားပွဲအမှီပြေးသွားနေတဲ့လူတွေရှိသလို ပင်ပမ်းလွန်းတဲ့နေ့တစ်နေ့ကိုအနားပေးဖို့ အခန်းထဲက အိပ်ယာပေါ် ပြစ်လှဲချင်နေသူများကလည်း အိမ်သို့ရောက်အောင် ခပ်သွက်သွက်သွားနေကြသည် ။ ဖြတ်ဖြတ်သွားသော အရှိမ်နှုံးမြင့်ရထားများသည် ကျယ်လောင်သောအသံကိုပြုပြီး ခွာဖိနပ်များနှင့် ကြမ်းပြင်ကို ထိရိုက်သံတို့သည်လည်း ဘူတာရုံတစ်ခုလုံးကိုဆူညံစေသည် ။ ဒီညကို ဘယ်လိုကုန်ဆုံးရမလဲဆိုတာ တိုင်ပင်နေကြတဲ့သူများရဲ့ အသံကိုလဲ ရေးတေးတေး ကြားနိုင်သည် ။ အားလုံးမှာ အစီအစဉ်ကိုယ်စီနှင့် ။ သူတစ်ယောက်ကလွဲလို့ … အားလုံး ။

Hoddie နဲ့ဘောင်းဘီရှည်ကို တွဲဝတ်ထားသော အသက် ၂၀ အရွယ်ကောင်လေးတစ်ယောက်ဟာ လွယ်အိတ်တစ်လုံးကိုဘေးမှာချကာ တိုင်လုံးကြီးတစ်ခုကို မှီရင်း စောင့်ကြောင့်ထိုင်နေလိုက်သည် ။ တုန်ရီနေတဲ့ ခန္ဓာကို ထိမ်းထားဖို့ရာ ဒူးနှစ်ဖက်ကို လက်ဖြင့် တင်းကြပ်စွာ ပိုက်ရင်း စကားတချို့ကို တီးတိုးရေရါတ်နေမိသည် ။

"ဒါအကောင်းဆုံးနည်းလမ်းပဲ … ဒါအကောင်းဆုံးပဲ … "
မျက်ရည်တွေ ကျလာပြန်သည် ။ သူ့လုပ်ရပ်က ကိစ္စတစ်ခုလုံးအတွက် မှန်ကန်တဲ့ လုပ်ရပ် ဟုတ်မဟုတ် အကြိမ်ကြိမ်ပြန်စဉ်းစားနေမိသည် ။

အဲ့ဒီညတုန်းက သူ့ဘဝအတွက် အခက်ခံဆုံး ဆုံးဖြတ်ချက်ကို သူချခဲ့သည် ။ လူငယ်တစ်ယောက် … တန်ဖိုးမဖြတ်နိုင်တဲ့အရာတစ်ခုအတွက် သူ့ကိုယ်ပိုင်ဘဝနဲ့ ပျော်ရွှင်မှုကို စွန့်လွှတ်ခဲ့သည် ။ နှလုံးသားတွေ အကြိမ်ကြိမ်ကွဲရမည်ဆိုရင်တောင် သူချစ်သော ထိုယောက်ကျားဆီပြန်မသွားနိုင်သည်မှ အမှန်ပင်ဖြစ်နေသည် ။

Flower Face [OffGun/Translation]حيث تعيش القصص. اكتشف الآن