Part.29::အဝေးဆုံးတွေ ဖြစ်ခဲ့ကြမယ်ဆိုရင်(1)

Start from the beginning
                                    

သို့သော်ဘာမှမသိရှာသောကောင်လေးသည် သူ့အမှားတစ်စုံတစ်ရာမရှိပါဘဲ ကျနော် နှင့်ပြေလည်ရန်ကြိုးစားနေခဲ့ရှာသည်..။

တစ်ပတ်အလို ..

ပထမရက်

ခပ်ဝေးဝေးမှ..သူ..ကျနော့်အားမျက်လုံးဝိုင်းလေးများဖြင့်..တစ်နေ့လုံး..ချောင်းကြည့်နေခဲ့သည်..။

ဒုတိယရက်

မရဲတရဲလှမ်းခေါ်သည့်သူ့အား..လျစ်လျူရှုစွာဖြတ်သွားသည့်ကျနော့်အား..ခေါင်းလေးငုံ့ကာ..တိတ်ဆိတ်နေခဲ့သည်..။

ကျော်စိုး ပြောချက်အရ..ထိုညတစ်ညလုံးသူ..ငိုနေခဲ့သည်..။

တတိယရက်

သူ..ကြိုးစားပမ်းစား ချက်ထားသည့်ဟင်းရည်လေးတစ်ခွက်လာချခဲ့သည်..။အမှိုက်ပုံးသို့..သွန်ချပစ်သော..ကျနော့်အား သူစောဒက..တစ်ခွန်းမတတ်ခဲ့ရှာပါ..။

စတုတ္ထုရက်

တစ်နေကုန်..အခန်းထဲကထွက်မလာခဲ့...။တစ်စုံတစ်ရာကိုလုပ်နေဟန်..အသံတစ်ချို့တော့ကြားနေရသည်..။

သူ့မျက်နှာလေးကိုမမြင်ရသော်လည်းသူ့ငိုသံမကြားရသည့်အတွက်..ကျနော်အဆင်ပြေပါသည်..။

ပဉ္စမ ရက်

ခွဲခွာဖို့နှစ်ရက်သာကျန်တော့သည်..။သူကား..သိသေးဟန်မတူ..

ဆဠမရက်

သူ့အား ထွက်သွားစေဖို့..အချိန်ကျပြီဟုKကပြောသည်..။

.

သတ္တမရက်???ဒီနေ့ ပြီးလျှင် ...

နောင့်ကို မင်းသွေးခ..လာတွေ့တယ်ဆိုထဲက ကျော်စိုးထိုင်မရ..ထမရ..။

ထို့နည်းတူ..ဒုအစ်ကိုလေးသည်လည်းတစ်ခုခုကို..စဉ်းစားနေဟန်..

"မင်း..''

ခြံထဲမှပြန်ဝင်လာသည့်..နောင့်ကိုတွေ့သည်နှင့်ဒုအစ်ကိုလေးကစကားစသလိုကျော်စိုးပါ..ထရပ်မိသည်..။

လေပြည်မရှိသောအရပ် Season.1 (Completed)Where stories live. Discover now