Part~20🌸

4.6K 463 47
                                    

ပြောင်းလဲခြင်းတွေသည် အချိန်ပေါ်မူတည်သည်တဲ့ ။ အချိန်တွေကြာလာတာနှင့်အမျှ အရာရာဟာ အနည်းနဲ့အများပြောင်းလဲသွားကြသည် တဲ့ ။

လောက၏ ဖြစ်ပျက်နေသော သဘောတရားကား ထိုသို့ရှိသည်ကို BaekHyun လက်ခံပါသည် ။ သို့ပေမဲ့ အချိန်ကြောင့်ပြောင်းလဲသွားသည့်အထဲ ချစ်ခြင်းတရားနဲ့ သစ္စာတရား ပါသည်ဆိုသည်ကိုတော့ လက်မခံနိုင် ။

ချစ်ခြင်းတရားတွေ ပြောင်းလဲခြင်းသည် သစ္စာတရားတွေ လျော့နည်းကာ ဖောက်ပြန်ခြင်းကြောင့်ဖြစ်သည် ။ အချိန်ကြာ၍ သစ္စာမဲ့အချစ်လျော့ကြေးဆိုခဲ့လျှင် ရိုးမြေကျ ဆိုသော စကားအား ဘာကြောင့် ကျွန်တော်တို့ကြားနေရပါသလဲ ။

မိုးရေစက်တွေ မှန်ပြင်ကို ရိုက်ခတ်လာသည် ။.ခြံလေးထဲက နှင်းဆီတွေကိုလည်း မိုးရေတွေ ရိုက်ခတ်နေသည် ။ ပါတ်ဝန်းကျင်သည် အေးစက်၍ နေသည် ။ ထိုသို့အေးစက်လာသော အခြေအနေတွေ၌ BaekHyun တို့အိမ်ထောင်ရေးအား မပါဝင်စေချင်ဘူး ။

" ဘယ်တွေသွားနေလဲ မောင် ''

အိမ်ပြန်နောက်ကျရက်တွေ များလာသည့်မောင်သည် တခါတရံ၌ သူနဲ့ပါတ်သက်သည့် အချို့အရာတွေကိုပါ မေ့လျော့တတ်လာသည် ။

ဥပမာ Sunday Dateမယ်ပြောထားပြီး သူမနိုးခင်ထွက်သွားကာ နောက်ကျမှ ပြန်လာတတ်တာမျိုး ။

မောင် မပါတဲ့ညစာ ကို လက်ထပ်ပြီးသည့်အချိန်မှလွဲ၍ သူမစားတတ်တော့သည်ကို မေ့လျော့ကာ အပြင်စာတွေ မောင်သဘောကျတတ်လာသည် ။

စီးကရက် ငွေ့တွေက မှန်ပြင်ထက် မိုးရေစက်တွေနဲ့အတူ ရိုက်ခတ်နေသည် ။ ငါ့ကို အတိတ်ရဲ့နေ့ရက်တွေဆီ ပြန်လည်တွန်းပို့နေသလားမောင် ။

"Honey ဆေးလိပ်တွေသောက်နေပြန်ပြီလား ''

နောက်ဘက်ဆီမှ မောင့်အသံကြောင့် မောင်ပြန်ရောက်နေမှန်းသူသိသည် ။ သြော် မောင် ရေ မင်းနဲ့ဝေးရင်ဆိုတဲ့အတွေးက ဘယ်အရာကိုမှ ငါမမြင်နိုင်အောင်ဖြစ်ခဲ့ပါလား ။

" အင်း သောက်ချင်စိတ်ပေါ်လာလို့ ''

" ကျန်းမာရေးအတွက် မကောင်းဘူးလေကွာ ''

🌸 F O R E V E R🌸Where stories live. Discover now