အပိုင်း ( ၂၀ )

Mulai dari awal
                                    

"မရပါဘူး ကျွန်တော်ပြီးမှ ချိုး
ထွက်ထွက် "

ဦးကို အတင်းတွန်းထုတ်သည်။ ဦးကလည်း မရမက အတင်းဝင်လာသည်။ အားချင်းမမျှတော့ ရှိုင်းလက်မြှောက်အရှုံးပေးရတော့တာပေါ့။

"ရေပဲချိုး ဘာမှလုပ်ဖို့စိတ်မကူးနဲ့ "

ဦး ရှိုင်းကို နောက်ကျောကနေ ဖက်လိုက်သည်။

"ဒီတိုင်းလေး ဖတ်ပြီးချိုးမယ်ဆိုရင်ကော ရလား "

"ရတယ် "

အောက်တွင့် စောင့်နေသော ဒေါ်ဝင့်ဝါမှာ ကြာလှသည်။ခုထိ ဆင်းမလာကျသေးပေ။ စိတ်မရှည်၍ အပေါ်သို့တတ်ကာ သွားခေါ်လိုက်ပြန်သည်။

"သားတို့ မြန်မြန်လုပ်
မင်းတို့ သွားခါနီး လာခါနီးကို့  မပြီးနိုင်ကြဘူးလား "

"လာပြီ အမေ ခဏလေ့း့  "

အဝတ်အစားအမြန်လဲကာ အောက်သို့ဆင်းလာကြသည်။ အောက်ရောက်တော့ အမေက ကားပေါ်မှာရောက်နှင့်နေပြီ။

"ဘာတွေ ဒီလောက်ကြာနေတာလဲ "

"မဟုတ်ပါဘူး အမေရယ့့်  ကလေးကို အကျီ င်္ရှာပေးနေတာ "

"အဖြစ်သဲနေလိုက်ကြတာ တတ်မြန်မြန် နောက်ကျနေပြီ "

ရှိုင်း တတ်ဖို့ တံခါးကို အရင်ဖွင့်ပေးသည်။ပြီးမှ ဦးက ဘေးနားကထိုင်လိုက်သည်။ သွားရမည့် နေရာ အနည်းငယ်ဝေးသည်မို့ အတော်လေးသွားရသည်။ ရှိုင်း အိပ်ငိုက်လာ၍ ဦး ပခုံးကို မှီကာ မှေးနေလိုက်သည်။ ဦးက ရှိုင်းရဲ့ ခေါင်းလေးကို မွှေးလိုက်ပြီး သူလည်း မျက်လုံးမှိတ်ကာ မှေးနေလိုက်သည်။

ဒေါ်ဝင့်ဝါ ကားမှန်ကနေ နောက်ခန်းကို ကြည့်ကာ ကြည်နှုးမိသည်။ ဘာပဲ ဖြစ်ဖြစ်လေ ငါ့သားလေး ပျော်တယ်ဆိုရင် ငါကျေနပ်ရမှာပေါ့။ ကိုယ့်သား သမီးဘက်မှာ ကိုယ့်မှမရှိရင် ဘယ်သူကရှိမှာလဲ။ အရင်က တင်းကျပ်ခဲ့သမျှ အခုတော့ နည်းလည်မှုရခဲ့ပြီ။ ထာဝရ သားတို့ ချစ်ချစ်ခင်ခင်နေနိုင်ကြပါစေ လို့ အမေဆုတောင်းပေးပါတယ်။

နာရီဝက်မောင်းလာခဲ့တော့ ဆရာကြီးဆီရောက်သည်။ ဆရာကြီးမှာ တည်ငြိမ်သည်။ ဟောသမျှ ပြောသမျှလည်း 80% လောက်ထိမှန်တတ်သည်။ ထိုကြောင့်လည်း လူတိုင်းနီးပါးက ဆရာကြီးထံလာပြီး မေးကြ မြန်းကြသည်။ ကံကြမ္ပာဆိုတာ ဘယ်လိုပုံ ဘယ်လိုလာ မယ်ဆိုတာ ဘယ်သူမှတော့ အတိအကျ မသိနိုင်ပါ။ ဆရာကြီးအိမ်က မကြီးကျယ်ပေမယ့် သပ်သပ်ရပ်ရပ်ရှိလှသည်။ အိမ်ထဲကို ဝင်လိုက်တော့ သူတို့လို့ပင် စောင့်ဆိုင်းနေကြသောလူများလည်းရှိသည်။ ကံကောင်းသည်က တုန်ကင် ကို ကြိုယူထားသောကြောင့် သူများတွေထက်ဦးအောင်ရသည်။ ရှေ့ကတစ်ယောက်အလည့်ပြီးတော့ ဒေါ်ဝင့်ဝါတို့ အလှည့်ရောက်လာသည်။ အခန်းထဲမှ သပ်သပ်ရပ်ရပ်ဝတ်စားထားသော ကောင်မလေးတစ်ယောက်ထွက်လာသည်။

ကျွန်တော်ချစ်သော ဦး (My lovely Oo)Tempat cerita menjadi hidup. Temukan sekarang