နတ် နှင့် လူ

1K 87 1
                                    




တစ်ခါက ရွာလမ်းလေးတစ်နေရာတွင် နတ်စင်တစ်စင် ရှိသည်။ ထိုနတ်စင်တွင် နတ်ရုပ်တစ်ရုပ် ရှိသည်။ တစ်နေ့တွင် လူတစ်ယောက်သည် လမ်းလျှောက်လာရာ မြောင်းတစ်မြောင်းက ကာဆီးနေသည်ကို တွေ့ရှိရသည်။ သူသည် လမ်းကို မဖြတ်ကူးနိုင်ဘဲ ရှိနေသည်။ ထိုအခါ သူသည် နတ်စင်ပေါ်က ရုပ်ထုကို ချီချကာ တံတားအဖြစ် မြောင်းပေါ်တွင် ချခင်းပြီး ကျော်ဖြတ်သွားလေသည်။ ထိုအချိန်တွင် အခြားသူ တစ်ယောက်သည် ထိုအခြင်းအရာကိုမြင်သော် များစွာစိတ်မကောင်း ဖြစ်သွားပြီး နတ်ရုပ်ကြီးကို သူ့နေရာအတိုင်း နတ်စင်တွင် နေရာတကျ ပြန်ထားလိုက်လေသည်။ နတ်ကြီးက သူ့ကိုမပူဇော်ဘဲ ရိုးရိုးပြန်ရွှေ့ထား၍ စိတ်ခုသွားသည်။ ထို့ကြောင့် နတ်ကြီးက သူ့ကို ဖမ်းစားလိုက်သဖြင့် ခေါင်းကိုက်ရောဂါဝေဒနာကို ခံစားရလေသည်။

ထိုအခါ နတ်တရားသူကြီးနှင့် သရဲတစ္ဆေများသည် အတော်အံ့သြသွားကြကာ

"သင့်ကို… တံတားလုပ်ပြီး… ကျော်နင်းသွားတဲ့သူကို… မဖမ်းစားဘဲ… နတ်စင်ပေါ် ပြန်တင်ပေးတဲ့… လူကိုတော့… ဘာလို့ဖမ်းစားရတာလဲ…"

ဟု နတ်ကြီးကို ပြောဆိုကြသည်။ နတ်ကြီးက

"မင်းတို့… ဘာသိလို့လဲ… လူကောင်းကို အနိုင်ကျင့်ရတာ… ပိုပြီးလွယ်တယ်ကွ…"

ဟု ပြောဆိုလိုက်လေသည်။





A Good Man is Easy to Bully.




Chinese Fables and AncedotesWhere stories live. Discover now