ဥာဏ္နည္းသူ

174 25 3
                                    

ဝမ္ဟိုသည္ ဥာဏ္ႏံုနဲ႔သူတစ္ဦးျဖစ္သည္။ တစ္ေန႔တြင္ သူသည္ ဘုရင္ႀကီးခ်ီႏွင့္အတူ ျမင္းညိဳႀကီးကိုစီးကာ စစ္တိုက္ရန္ ထြက္လာခဲ့သည္။ ညအခ်ိန္ေရာက္ေသာ္ အလြန္ေအးသည့္ဒဏ္ကို အလူးအလဲခံရသည္။ နံနက္မိုးလင္းေသာ္ ျမင္းကိုယ္ေပၚတြင္ ဆီးႏွင္းမ်ား တစ္ကိုယ္လံုး ဖံုးလႊမ္းေနေလသည္။ ဝမ္ဟိုသည္ တဲအျပင္သို႔ ထြက္လာေသာအခါ သူ႔ျမင္းကို မေတြ႕ရေတာ့ေခ်။ သူသည္ သူ႔ရဲမက္မ်ားအား သူ႔ျမင္းကိုရွာရန္ ေစခိုင္းလိုက္ေလသည္။ သို႔ေသာ္ ျမင္းကိုရွာေဖြ၍ မရၾကေခ်။

မၾကာမီ ေနထြက္လာေလသည္။ ျမင္းကိုယ္ေပၚမွ ဆီးႏွင္းခဲမ်ားသည္ အရည္ေပ်ာ္က်ကာ ျမင္းႀကီးျပန္ေပၚလာေလသည္။ အမွန္မွာ ျမင္းႀကီးသည္ ေပ်ာက္ဆံုးသြားသည္မဟုတ္။ သူ႔ကိုယ္ေပၚတြင္ ဆီးႏွင္းမ်ား ဖံုးလႊမ္းေန၍ မေတြ႕မျမင္ရျခင္း ျဖစ္သည္။ ဝမ္ဟိုက အားရဝမ္းသာစြာျဖင့္

"ေဟ့……… ဒီမွာ ငါ့ျမင္းေတြ႕ၿပီေဟ့…"

ဟု ေျပာဆိုလိုက္ေလသည္။

It was here all the time.

============================

ဉာဏ်နည်းသူ

ဝမ်ဟိုသည် ဉာဏ်နုံနဲ့သူတစ်ဦးဖြစ်သည်။ တစ်နေ့တွင် သူသည် ဘုရင်ကြီးချီနှင့်အတူ မြင်းညိုကြီးကိုစီးကာ စစ်တိုက်ရန် ထွက်လာခဲ့သည်။ ညအချိန်ရောက်သော် အလွန်အေးသည့်ဒဏ်ကို အလူးအလဲခံရသည်။ နံနက်မိုးလင်းသော် မြင်းကိုယ်ပေါ်တွင် ဆီးနှင်းများ တစ်ကိုယ်လုံး ဖုံးလွှမ်းနေလေသည်။ ဝမ်ဟိုသည် တဲအပြင်သို့ ထွက်လာသောအခါ သူ့မြင်းကို မတွေ့ရတော့ချေ။ သူသည် သူ့ရဲမက်များအား သူ့မြင်းကိုရှာရန် စေခိုင်းလိုက်လေသည်။ သို့သော် မြင်းကိုရှာဖွေ၍ မရကြချေ။

မကြာမီ နေထွက်လာလေသည်။ မြင်းကိုယ်ပေါ်မှ ဆီးနှင်းခဲများသည် အရည်ပျော်ကျကာ မြင်းကြီးပြန်ပေါ်လာလေသည်။ အမှန်မှာ မြင်းကြီးသည် ပျောက်ဆုံးသွားသည်မဟုတ်။ သူ့ကိုယ်ပေါ်တွင် ဆီးနှင်းများ ဖုံးလွှမ်းနေ၍ မတွေ့မမြင်ရခြင်း ဖြစ်သည်။ ဝမ်ဟိုက အားရဝမ်းသာစွာဖြင့်

"ဟေ့……… ဒီမှာ ငါ့မြင်းတွေ့ပြီဟေ့…"

ဟု ပြောဆိုလိုက်လေသည်။

It was here all the time.

You've reached the end of published parts.

⏰ Last updated: Apr 03, 2021 ⏰

Add this story to your Library to get notified about new parts!

Chinese Fables and AncedotesWhere stories live. Discover now