အပိုင်း-၁၄

Start from the beginning
                                    

"ကောင်းပြီ အဲ့ဒါက အဓိပ္ပာယ်မရှိမှန်းသိတယ်။ မင်း ထွက်သွားပြီး ဘာဆက်ဖြစ်ခဲ့သလဲ ကျားနဲ့ရင်ဆိုင်ပြီး ချောက်နက်ထဲကျသွားစရာအကြောင်း မရှိလောက်ဘူးထင်တယ်။"

"ဘယ်လိုများထင်မြင်မိပါသလဲ? အရှင့်ဆီက အမြင်ကိုအရင်နားထောင်ကြည့်တာပေါ့"

"မင်းကို…… တစ်စုံတစ်ယောက်က လုပ်ကြံခဲ့တာလား? အဲ့ဒါက ဘယ်သူလဲ… အဲ့ဒီလူကို ငါတစ်ကယ် အပြစ်ပေးပစ်မှာပါ"

ဟန်ကျင်းရှန်း၏စကားက သင့်လျော်လှသော်လည်း သက်ပြင်းအသာချမိသော လင်းယွီ…။ မည်သူဆိုသည်အား သိလိုက်ရကာ သက်သေရှာရန် လွယ်ကူလွန်းလှသော်လည်း  ဤမျှလွယ်ကူသောနည်းလမ်းဖြင့် ရန်သူကိုအဆုံးမသတ်ချင်မိသေးပေ။ ဟာကွက်မရှိလှသော ပြီးပြည့်စုံသောလှည့်ကွက်ဟု ရန်သူကထင်နေကာမှ လှပသောပြဇာတ်တစ်ပုဒ် ဖြစ်လာမည်မဟုတ်ပါလား။

"အရှင်မင်းကြီး~ "

"……"

"ဒီမိဖုရားမှာရန်သူတွေအများကြီးပါ ဘယ်သူလဲဆိုတာ ခန့်မှန်းနိုင်စွမ်းမရှိပါဘူး ခန့်မှန်းနိုင်တယ်ပဲထား ဒီမိဖုရားက အထင်ပဲရှိမှာပါ သက်သေမရှိပါဘူး။"

"အဲ့ဒါဘယ်သူပဲဖြစ်ဖြစ် မင်းငါ့ကိုပြောပြနိုင်တယ်။ "

"ဒါက ကိစ္စမရှိတော့ပါဘူး ပြီးဆုံးသွားပြီပဲ ကျွန်မလည်းဘာမှမဖြစ်တာမို့ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ကြရအောင် အရှင်"

"ဘယ်လိုမျိုး အဆုံးသတ်မှာလဲ!!!! မင်းက တိုင်းပြည်ရဲ့တစ်ဦးတည်းသော ဧကရီ အဲ့ဒီဧကရီကို ထိပါးရဲတဲ့သူတွေကို ကိုယ်တော်က ဒီအတိုင်းကလွတ်ထားရမှာလား။ ကိုယ့်ဇနီးသည်ကိုယ် မကာကွယ်နိုင်တဲ့ ဘုရင်ကို ဘယ်တိုင်းသူပြည်သားက လေးစားသမှုရှိတော့မှာလဲ!?  ဒီလူတွေကို ကျိန်းသေအပြစ်ပေးရမယ်"

"ဒီမိဖုရားပြောချင်တာက… ပုံကြီးမချဲ့ဖို့ပါပဲ  အရှင်မင်းကြီး… ဒါကအသေးအမွှားကိစ္စပါပဲ။ ဒီမိဖုရားအတွက်ကို အရှင်မင်းကြီးမပူပန်လည်းဖြစ်ပါတယ်။ "

"မပူပန်လည်းဖြစ်တယ်!? မင်းက ကိုယ်တော့်ကို သဘောထားသေးသိမ်တဲ့သူအဖြစ် ပြောင်းလဲနေတာလား မိဖုရား! ကိုယ်တော်က မင်းကိုမနှစ်သက်လို့ ဒီကိစ္စကိုဖုံးလိုက်ရတယ်လို့ဆိုရအောင် ကိုယ်တော်က ဒီလောက်အောက်တန်းကျတဲ့ စိတ်ဓာတ်ရှိသူလို့ ဆိုလိုလိုက်တာလား?"

Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)Where stories live. Discover now