" မောင့်အတွက် Congratulations မောင် ငါ့ရဲ့မောင်က မဟာဘွဲ့ယူရမှာလေ ''

မောင့်အင်္ကျီအိတ်ကပ်လေးထဲ ပန်းလေးထိုးပေးကာ မောင့်လက်တွေကိုတွဲလို့ ကျောင်းသို့ထွက်လာခဲ့သည် ။

" မာမီ ''

" သား ''

ကျောင်းရှေ့၌ အရင်ရောက်နှင့်နေသော မာမီတို့ကိုမြင်သောအခါ Honey က သူ့လက်တွေကြားမှ ရုန်းထွက်သည် ။

" ငါ ဝင်နှင့်မယ်မောင် ''

" Honey ''

" သားငယ် BaekHyunee''

မာမီ၏ ခေါ်သံကြောင့် Honey က လှည့်မကြည့်ပေမဲ့ ခြေလှမ်းတွေတော့ရပ်တန့်သွားသည် ။

" Congratulations သားငယ် ''

ရုတ်တရက် လှည့်လာသော Honey ကြောင့် သူမာမီအားယောင်ယမ်းကာ နောက်သို့လှမ်းဆွဲမိသည် ။

Honey ထံမှ အကြည့်စူးစူးတစ်ချက်ရပြီးနောက် သက်ပြင်းချသံသဲ့သဲ့ထွက်ပေါ်လာသည် ။

" ဒီနေ့ပွဲကို လာခွင့်ပေးခဲ့တာ မောင့်ကိုချစ်တဲ့စိတ်တစ်ခုတည်းကြောင့် မောင်ပျော်စေချင်တာတစ်ခုတည်းကြောင့်ပဲ ခင်ဗျားကို ခွင့်လွှတ်လို့မဟုတ်ဘူး သား ဆိုတဲ့အသုံးအနှုန်းကို ကျွန်တော့်အပေါ်နောက်ထပ်မသုံးပါနဲ့ Mrs.Park ''

ထိုစကားသာပြောပြီးကျောင်းဝန်းထဲဝင်သွားသော Honey ကြောင့် မာမီကငိုရင်းကျန်ခဲ့သည် ။

" မာမီ ''

" မာမီ တောင်းပန်ပါတယ် မာမီ့သားတွေကို ''

" မာမီ Honey ကို သားတဖြေးဖြေး ဖျောင်းဖျပေးပါ့မယ် မငိုနဲ့နော် ''

" ဟုတ်သားပဲကွာ သားကျောင်းဆင်းပွဲမှာ မငိုပါနဲ့ကွာ ''

" အင်းပါ မငိုတော့ဘူး ရော့သား မာမီ့သားလေးတွေအတွက် Congratulations ပါ ''

" ကျေးဇူးမာမီ ''

မာမီပေးသည့်နှင်းဆီပန်းအဖြူရောင် ပန်းစည်းလေးကို ChanYeol နမ်းရှိုက်လိုက်တော့ မာမီရောဒယ်ဒီရောက သဘောကျစွာပြုံးသည် ။

ထိုမြင်ကွင်းကို တစ်နေရာက ဖျော့တော့သောမျက်ဝန်းတွေနဲ့ကြည့်နေသော ကောင်လေးတစ်ယောက်ကိုတော့ သူတို့မမြင်ခဲ့ပေ ။

🌸 F O R E V E R🌸Where stories live. Discover now