"Off ဒါငါဝတ်နေကျပဲလေ...ဘာဖြစ်လ်ု့လဲ..."

"ကဲ မင်းတို့ ရန်ဖြစ်တာ ကြည့်နေရမှာလား..,ပီးတော့မှာလား..."

Arm ကြားက ဝင်ပြောလိုက်မှ Off ကားထွက်တော့တယ်...

"Happy Birthday Ning"

"Thz Off..."

"Happy Birthday PNing...ဒါ မွေးနေ့လက်ဆောင်.."

"ဟာ ကျေးဇူးပါ...တကယ်ပျော်သွားပီ...Gun ပေးတာမို့..."

Off တယောက်ကြားထဲက အမြင်ကတ်နေမိတယ်...လက်ဆောင်ပေးတာချင်းအတူတူ Gun ပေးလို့ ပျော်တာတဲ့လား...

"လာ ဟိုဘက်က ဝိုင်းလွတ်တယ်...အကြိုက်စားနော် သောက်နော်...အပေါ်ထပ်တခုလည်း ငှားထားတာ...အားမနာနဲ့"

"ဝိုး ကြိုက်ပီလေ..."

"Earth တို့က သောက်ရမယ်ဆိုလို့ကတော့ ဟန်တောင် မဆောင်နိုင်ဘူး..."

"ဒါမျိုးဆို ပျော်တတ်တာပါကွ.."

"ဟန်နီ ကို့တို့ ဒီမှာ...ငါ့ကောင်မလေးက အလန်းဆုံးပဲ..."

"ကိုကတော့ ပိုပီ..."

"မပိုပါဘူး...လိုတောင်နေသေးတယ်..."

"ဟီး အာ့တေကြောင့် ကို့ကို ချစ်တာ..."

"ဟေ့ ဟေ့ လူတေရှိသေးတယ်နော်...မင်းတို့ကြီးပဲ မဟုတ်ဘူး..ကဲမနေနဲ့..."

"မင်းတ်ု့ကို မိတ်ဆက်ပေးမလို့...ဒါက ငါ့ သူငယ်ချင်းတွေပဲ...stateတုန်းက...သူက Din ...ဒီဘက်က Sam...ရင်းရင်းနှီးနှီးနေကြပေါ့..."

"သူတို့နာမည်တွေလည်း မိတ်ဆက်ပေးဦးလေ..."

"အော်...ဟုတ်သားပဲ..သူက off ...သူက ဟန်နီ ချစ်သူတေ...ဒါက Arm...သုက Earth...ဒါကတော့ Gunတဲ့..."

"ချစ်စရာလေးနော်..."

"ဗျာ..."

"အဟွတ် အဟွတ်..."

"ကို အဆင်ပြေလား ဖြေးဖြေးသောက်လေ..."

"အင်း..."

"နာမည်နဲ့ လူနဲ့လိုက်တယ်လို့ ချစ်စရာလေးလို့...ကို့ကို Dinလို့ပဲ ခေါ်နော်...ရင်းရင်းနီးနီးပေါ့..."

"ဟုတ်.."

"ကဲကဲ အခု သောက်ကြရအောင်...Earth ရေခဲထည့်...စွတ်မသောက်နဲ့..."
Arm တယောက် ကြားထဲက ဝင်ပြောလိုက်မှ Din တို့လည်း Dancing Floor ထဲ ပြန်သွားကတော့မယ်ဆိုပီး ထွက်သွားတယ်...ဒါတောင် Gun ကို ရိတိတိလုပ်သွားသေးတယ်...Off စိတ်တိုနေတာ သိလို့ စကားစပြတ်အောင် ပြောလိုက်တာ...Off က Gunကို ထိရင် မကြိုက်တာ ကျတော်သတိထားမိတာကြာပီ...သူထုတ်မပြောတာသာရှိမယ်...သူ့မျက်နှာက အတော်ပေါ်လွင်နေတယ်...ဟိုငတုံးကသာ မသိတာ...တခါတလေ သူတို့စိတ်ထဲ ရိုးသားကြရဲ့လားတောင် ကျတော် သံသယရှိမိတယ်...မေးမိလို့ မဟုတ်ပြန်ရင်လည်း အားနာရမယ်...Off ကတော့ စိတ်ဆိုးမှာ အသေအချာပါပဲ သူ့ဘက်က မရိုးသားခဲ့ရင်တောင် သူက သူ့က်ုယ်သူ ညာနေမယ့် သူမျိုးလေ...သူ အမြဲပြောနေကြစကားက Gun ကို သူကာကွယ်ရမယ်...Gun က တအားဖြူစင်တယ်တဲ့...သူ့ကို သူ့လို ရှုပ်တဲ့ သူမျိုးတွေနဲ့ မတွေ့စေချင်ဘူးတဲ့...

I can't live without uWhere stories live. Discover now