Part-13

385 41 4
                                        

Baby မင်းမှာ လှပတဲ့ အရာတေ အများကြီးပဲ....စတွေ့တုန်းက ဘဲရုပ်ဆိုးလေးလို့ ထင်ခဲ့မိတာ မှားနေတာပဲ...ပထမဆုံး လှတယ်လို့ စသိတာ ဒီမျက်လုံးလေးတွေ...ပီးတော့ ဒီအပြုံးလေးတွေ....အခုကြည့်နေတော့ နှာတံလေးကလည်း အချွန်လေး...နောက်ဆုံး ကြည့်မိတဲ့ အရာက နှုတ်ခမ်းလေး....မိန်းကလေးတွေလို အရောင်မဆိုးပဲ ရဲနေတဲ့ နှုတ်ခမ်းလေး...စိတ်ထဲက တွေးရင်း လက်တို့က သူ့နှုတ်ခမ်းရှိရာဆီ ဦးတည်နေခဲ့တယ်....အခု ကျတော် သူ့နှုတ်ခမ်းလေးကို ထိကြည့်ချင်တဲ့ စိတ်ကို တားမရဘဲ လက်လှမ်းမိတဲ့ အချိန်...မျက်လုံးလေး လှုပ်ပီး နိုးလာနေတဲ့ သူ့ကြောင့် လက်တို့ကို အမြန်ရုပ်သိမ်းမိတယ်....

"Off ပြန်ရောက်နေပီလား...ငါစောင့်နေသေးတယ်...ခဏလေးမှေးလိုက်တာ အိပ်ပျော်သွားတာ"

"ဟမ် အင် အင်း မကြာသေးဘူး ခုနကမှ..."

"အော် မအိပ်သေးပဲ ဘာလုပ်နေတာလဲ...ဗိုက်ဆာလို့လား...ငါ ထမင်းကြော်ပေးရမလား..."

ပြောရင်းနဲ့ စောင်ပုံတွေကြားက အသေးလေး ထထိုင်နေတယ်...ကျတော်ဗိုက်ဆာနေတယ်ထင်ပီး ထမင်းကြော်ပေးမလို့ လုပ်နေတာ...ကျတော့် အနွံတာကို အခံနိုင်ဆုံးက အမေပီးရင် သူလို့ ကျတော်မှတ်ယူထားတယ်...ကျတော်က အတော်ကံကောင်းတဲ့သူပါ...ဒီလို သူငယ်ချင်းမျိုးရထားတာလေ...

"မဆာပါဘူး...ငါစားလာတယ်...ပြန်အိပ်တော့ အိပ်ရေးပျက်မယ်...."

"အင်း...ဒါနဲ့လေ ငါမင်းကို ပေးစရာရှိတယ်...ရော့"

"ဘာလဲ...."

"ဖွင့်ကြည့်လေ..."

"ဆွဲကြိုးလေး...ဒါမင်း ဟိုနေ့က ဝယ်တဲ့ ဆွဲကြိုးမလား"

"အင်း...."

"ငါ့ကိုပေးမို့ ဝယ်တာပေါ့"

"ဘာလို့လဲ မကြိုက်ဘူးလား...အာ့ဆိုပြန်ပေး..."

"မဟုတ်ပါဘူး .... ကြိုက်တယ်..."

သူ့လက်ထဲက ပြန်ယူဖို့လုပ်နေတာကို မပေးပဲ လည်ပင်းမှာ တခါတည်းဝတ်လိုက်တယ်...သူနဲ့ လိုက်တယ်...သူ့လည်ပင်းသွယ်သွယ်လေးမှာ တကယ်လိုက်တယ်...အရမ်းပျော်တယ် ကျတော်ပေးတဲ့ အရာလေးကို သူကြိုက်လို့....

I can't live without uTempat cerita menjadi hidup. Temukan sekarang