Gun - မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ...
Off - အယ် ဘာလို့လဲ ငါခေါ်တာ မှားလို့လား ဒါမှမဟုတ် မင်းကိုယ်မင်း မသိတာလား မှန်မရှိဘူးလား မင်းအိမ်မှာ 😁😁😁
Gun တယောက် စိတ်တိုလွန်းလို့ ပြောမယ့်စကားတောင် မထွက်တော့ မျက်နှာတခုလုံးလည်း နီရဲလို့ သူ့အရှေ့က ကိုယ်တော်ကတော့ ပြုံးဖြီးပီး အောင်နိုင်သူရုပ်နဲ့ ကြည့်နေလေရဲ့...နဂိုတည်းကမှ သေးလွန်းတဲ့ ခန္ဓာကိုယ်ကြောင့် သူများနဲ့ယှဉ်တိုင်း အားငယ်နေရတဲ့အထဲ သူများသားသမီးကို မစာမနာပြောတတ်တဲ့ မျက်နှာရူးကြောင့် ပိုလို့ပင် အားငယ်မိတယ် .... အားငယ်တာထက် သူ့မျက်နှာကြောင့် စိတ်တိုတာက ပိုများနေတယ်...
Arm : Off မင်းကလည်း အာ့လောက် မနောက်ပါနဲ့ကွ
Gun လာလေ ထိုင် ငါမင်းကို စောင့်နေတာ...မင်းက အရင်အတိုင်းပဲနော် မပြောင်းလဲဘူး...လာ ငါ့သူငယ်ချင်းတေနဲ့ မိတ်ဆက်ပေးမယ်...
Gunလည်း Arm က ကြားကနေ ဝင်ပြောလို့ စိတ်လျော့လိုက်ပီး ဝင်ထိုက်လိုက်သည် ထိုင်မိတော့လည်း သူ့ရှေ့ မျက်နှာချင်းဆိုင် 🙄🙄🙄
Off pvo : ရုတ်တရတ် နောက်လှည့်ကာ မြင်လိုက်ရတဲ့ မမျှော်လင့်ထားတဲ့ သူကြောင့် နည်းနည်းတော့ အံ့သြမိ မနက်ကလည်း သူနဲ့ပဲ တိုးတယ် ရေစက်ပဲ ... ခုလည်း သူ့ကို မြင်တာနဲ့ လွှတ်ခနဲ ထွက်လိုက်မိတဲ့ နာမည်ကြောင့် အကောက်ပေါက်တယောက် စိတ်တိုနေသည်မှာ မျက်နှာတခုလုံး နီရဲလို့...ကိုကလည်း သူမြင်တာနဲ့ စချင်နေတာနဲ့ ထပ်စလိုက်မိတော့ ပိစိရဲ့ အကြည့်တေက နဂါးမျက်ဝန်းလို မီးဟုန်းဟုန်း တောက်နေလေရဲ့...တော်သေးတာပေါ့ Arm က ခေါ်လိုက်လို့ နောက်မို့ဆို ကျတော် ပြာဖစ်နေလောက်ပီ...ဒါတောင် မျက်စောင်းက ထိုးသွားသေးတယ်😂😂😂
Arm : Gun ဒါက ငါ့သူငယ်ချင်း နှစ်ယောက် ...ဒီဘက်က Earth တဲ့ သူ့ဘေးက Off....သားကြီးတို့ ဒါကတော့ ငါပြောတဲ့ ငါ့ငယ်သူငယ်ချင်း Gun...
Gun : တွေ့ရတာ ဝမ်းသာပါတယ် ကျတော်က gunပါ....
ဟို တယောက်ကို ကြည့်မရပေမယ့် ခုမှတွေ့ရတဲ့သူတေကိုတော့ နှုတ်ဆက်သင့်တယ်ဆိုပီး ပြောလိုက်တယ် ဒါမဲ့...
Off : ဝမ်းသာတာရော ဟုတ်ရဲ့လား မနက်က ကားပါကင်မှာ စိတ်တိုနေတာ မဟုတ်ဘူးလား မျက်စောင်းကြီးထိုးပီးလေ ဟားဟား...
ပိစိတယောက် စိတ်တိုနေတာ နှုတ်ခမ်းဆူပီး ကျတော် ရယ်ချင်တာ မထိန်းနိုင်ပဲ အော်ရယ်လိုက်မိတယ်...
