Gun ပိစိကောင်က မျက်လုံးလေးတေ လှသားပဲ ... အေးပေါ့လေ အရပ်ကလည်းပု လူကောင်ကလည်းသေး ငါ့လို စော်ကြည့်စေမယ့် ပုံစံမျိုးမရှိပေမယ့်လည်း တခုလောက်တော့ လှတာ ရှိသေးသားပဲ မဆိုးပါဘူး..."Off တယောက် အတွေးထဲတင် ပြောနေမိတယ် အပြင်မှာသာပြောကြည့် ပိစိက မျက်စောင်းခဲမှာ ကျိန်းသေတယ်"...အမှန်တော့ မျက်မှန်နဲ့ သူ့မျက်လုံး လှလှလေးတေ ဖုံးနေမှာ မကြိုက်လို့ အဆဲခံကာ ယူပြေးလာခဲ့တာ...သူနဲ့ခင်တာ တလလောက်ရှိပီ ခုထိ သူ့မျက်နှာကို သေချာမကြည့်ဖူးဘူး...သူနဲ့တွေ့ရင် စချင်တဲ့ စိတ်ပဲရှိနေတယ်...ပြောလို့ပြောတာမဟုတ်ဘူး သူ့ကို စပီး အနိုင်ကျင့်ရတာ ပျော်စရာကောင်းတယ်...ဒီနေ့ သူ မျက်မှန်ချွတ်တော့မှ မျက်လုံးတေကို သေချာမြင်ခဲ့တာ...ဒါတောင် ကျန်တဲ့ အစိတ်အပိုင်းတေ သေချာကြည့်ဖို့ အာရုံမရှိဘူး...သေချာကြည့်ရအောင်လည်း သူက သူကြိုက်တဲ့ ရင်သားကြီးကြီးနဲ့ စော်လေးတေမှ မဟုတ်တာ...ဒါမဲ့ အာ့မိန်းကလေးတေထက် သူ့မျက်လုံးတေက ပိုဖြူစင်တယ်...
Tor : Off မင်း ဓာ့ပုံသေချာရိုက်တတ်လား..
Senior PTor မေးခွန်းကြောင့် သူအတွေးတေရပ်လိုက်ပီး....
Off : ရိုက်တတ်တာပေါ့...ကျတော့် ကောင်မလေးတေကို အကုန်လှအောင် ကျတော်ပဲရိုက်ပေးနေကြလေ..ဓါတ်ပုံ လှလှလေးတေ ရိုက်တတ်ရင် ကောင်မလေးတေက ပိုသဘောကျကျတယ်မလား...ဟဲဟဲ..
Tor : အေးပါကွာ ... ကျွမ်းတယ်ဆိုရင်လည်း ငါ့ကို တခုကူညီ...အစ်ကို မအားလို့ လုပ်စရာရှိနေလို့...အခု ခန်းမထဲက ပြင်ဆင်နေတဲ့ ပုံတေ တယောက်ချင်းစီကို snap လေးတေ လိုက်ရိုက်ပေး...အမှတ်တရပေါ့...အကိုခုနက ရိုက်လက်စမို့ ကင်မရာဖွင့်ထားတယ် ဆက်ရိုက်ပေး...
Off : ok ပီ ရတယ်...ပုံလေးတေ မိုက်တယ် ပီ...ဘာအတွက်လဲ...
Tor : Mr and Ms Smile တေကို ရိုက်ထားတာလေ...ဓါတ်ပုံတေနဲ့ ရွေးတာ သူတို့ကို...
Off : အော်...အာ့ကြောင့် ချစ်စရာကောင်းနေတာ ကောင်မလေးတေ ဟီး...ပီ ကျတော် သွားရိုက်လိုက်တော့မယ်....
Off တယောက် ကင်မရာကိုင်ကာ တယောက်ချင်းစီရဲ့ snap ပုံလေးတွေ လိုက်ရိုက်နေတယ်...တချို့တေကျ ရိုက်မှန်းသိလို့ အိုက်တင်လုပ်ပြတယ်...တချို့တေကြတော့ မသိရှာဘူး...တနေရာရောက်တော့ Gun တယောက် ခန်းမရှေ့မှာ ဖဲပြားပုံစံ အလှတေ လုပ်နေရင်းနဲ့ လှေကားနား လှဲပီး အမြှီးလေး နှဲ့နေတဲ့ ခွေးနားသွားပီ သူ့လက်ထဲက ပေါင်မုန့်ကို ကျွေးပီး စကားတေပြောနေလေရဲ့...ခွေးလေးက သူကျွေးတဲ့ ပေါင်မုန့်လေးကို စားနေတာမြင်ပီး ပြုံးနေတဲ့ ကောင်လေးကို သူမသိအောင် ဓါတ်ပုံရိုက်လိုက်တယ်...ပီးတော့ တခြားသူတေကို ထပ်ရိုက်ဖို့ ထွက်လာခဲ့တယ်....
