"ဘယ်မှာလဲ...."
"ဟန်နီတို့ သွားနေကျ club မှာပဲ...သူဒကာခံမှာ...Gunရယ် Armရယ် Earth တို့ကိုလည်း ပြောလိုက်ဦးနော်"
"အင်း ပြောလိုက်မယ်...ညကျရင် တွေ့မယ်..."
"ချစ်တယ် ကို ဒါပဲနော်..."
"ကိုလည်း ချစ်တယ် ဘိုင့်..."
"အမလေးနော် စောက်ပိုတေ Off တို့များ..."
"အေးလေ..."
Arm နဲ့ Earth တယောက်နဲ့တယောက် မေးငေါ့ပြီး Offကို နောက်နေကြတယ်...
"မင်းတို့က ငါ သာယာနေတာကို မနာလို ဖြစ်နေတာလား..."
"အမှန်ပဲ..."
"ညကျ ပွဲရှိတယ်...သွားနေကျ club မှာ Ning မွေးနေ့တဲ့...အကုန်လာရမယ်တဲ့..."
"Gun ရော အိမ်သာသွားတာ ကြာလိုက်တာ..."
"ဟော ဟိုမှာ လာပါပြီ ဖုန်းပြောပီး..."
"ဟုတ် P Ning လာခဲ့ပါမယ်...Happy Birthday နော်...ဟုတ်...ဒါပဲနော်..."
"Gun ဘယ်သူလဲ PNing လား..."
"အင်း ဒီနေ့ သူ့မွေးနေ့ အကုန်လုံး လာခဲ့ကြတဲ့ လှမ်းပြောတာ..."
"အော် ဒါနဲ့ ပွဲက club မှာနော် မင်းက သွားမှာလား.."
"အင်း..."
"အရင်က club ဆို အသေငြင်းတဲ့သူက..."
"ဖိတ်ထားတာဆိုတော့ အားနာလို့လေ..."
Off တယောက် စကားဆက်မပြောပဲ ငြိမ်နေလိုက်တယ်...ငါတို့ကျ ဖုန်းမဆက်ပဲ Gun ကျတော့ တကူးတကဆက်ပီးကို ခေါ်လိုက်သေးတယ်...တယောက်ကလညိး အရင်က club ဆို သေအောင်ခေါ်ရတယ်...အခု Ning ခေါ်တော့ တခါတည်းရတယ်...သူတို့နှစ်ယောက်က ဘာတွေလဲ..
ကြားထဲက Arm နဲ့ Earth တယောက်နဲ့ တယောက်မျက်စ ပြစ်ရင်း ပြုံးနေကြတယ်...Armကတော့ ငါပြောတာ ဟုတ်နိုင်တယ်ဆိုတဲ့ မျက်နှာထားနဲ့ပေါ့....
-
-
-
"Gun ငါတို့ တိုက်အောက်ရောက်နေပီ...ဆင်းခဲ့တော့..."
"ဘာတေကြာနေတာလဲ...ဘာတွေများ အလှပြင်နေလို့လဲ..."
"အိမ်မှာ သိမ်းဆည်းနေလို့ပါ...မင်းကလည်း..."
"ပြင်ရင်ပြင်နေတယ်ပေါ့...ဝတ်ထားတာလည်း ကြည့်ဦး...ဘောင်းဘီက ဒူးလောက်နဲ့...အင်္ကျီကလည်း အဝါရောင်နဲ့..."
Part-13
Start from the beginning
