"Gun မင်းလက် ခဏပေး..."

"ဘာလုပ်မို့လဲ..."

"ဒီလက်ကောက်က လှလည်းမလှဘူး...ချွတ်ပေးမလို့...မင်းနဲ့မလိုက်ဘူး..."

"အင်း..."

လက်ကောက်ချွတ်ပေးပီး...သူ့အိတ်ထဲက ဘာကို ဒီလောက်ရှာနေတာလဲမသိဘူး...လက်ထဲမှာ ဘူးလေးတဘူး ...ပီးတော့ ကျတော့်လက်ကို ယူပီး...ဒါလေးက ပိုလှတယ်ဆိုပီး လက်ကောက်လေး ဝတ်ပေးတယ်..,သူကျတော့်အတွက် ပေးတာပေါ့...ကျတော့်အတွက် လက်ဆောင်ဝယ်ခဲ့တာပေါ့...ကျတော်ပျော်လွန်းလို့ ထခုန်မိတော့မယ်...

"ဒါ ငါ့အတွက်ဝယ်လာတာလား..."

"ဝယ်မလာလို့ ခိုးလာရမှာလား...ဒီအတိုင်း ဟိုနေ့က တွေ့လို့ ဈေးလည်းပေါလို့ ဝယ်လာတာ..."

"ဈေးပေါလို့ဝယ်တာပေါ့ ဈေးကြီးရင် မပေးဘူပေါ့..."

"ရှည်ကို ရှည်တယ် ကြိုက်တယ်မလား...စကားမများနဲ့"

"အင်း ကြိုက်တယ်..."

"ကြိုက်ရင် ငါ့လက်ပတ်ပဲ ပတ် သူများဟာတေ မင်းလက်မှာ မမြင်ချင်ဘူး..."

"အင်း..."

Gun ကို ကျတော် ကျောပေးပီး အိပ်နေမိတယ်...ငါဘာလို့ သူ့နှုတ်ခမ်းတွေကို ကိုင်ဖို့ လုပ်ခဲ့တာလဲ...ဘာလို့ ယောကျာင်္းလေးတယောက်အိပ်နေတာကို ကြည့်ပီး လှတယ်လို့ သုံးနှုန်းနေမိတာလဲ...ဘာလို့များ သူ့ကို ဒီနေ့မှ လက်ဆောင်ပေးမိတာလဲ...အား စိတ်ရှုပ်လာပီ...သူလညိး ငါ့ကို ပေးတာပဲလေ လက်ဆောင်က ဒီနေ့က ချစ်သူတွေပဲ ပေးရတာမှ မဟုတ်တာ သူငယ်ချင်းတွေလည်း ပေးလို့ရတာပဲ....ပီးတော့ သူက တကယ်ကြည့်ကောင်းလို့ ကြည့်ကောင်းတယ်ထင်တာလေ...ငါ ဘာလို့ အတွေးခေါင်နေတာလဲ...ဟူး အိပ်တော့မယ်...

တဖက်မှာတော့ Gun တယောက် သူ့လက်ကို သူကြည့်ပီး ပြုံးနေလေရဲ့....

ဘာပဲပြောပြော သူငါ့ကို စိတ်ထဲမှာရှိတယ်...ကျေးဇူးတင်ပါတယ် Off ငါ့အပေါ် သူငယ်ချင်းတယောက်လို
ချစ်ပေးလို့....ဒီအခြေအနေလေးကိုပဲ ငါပျော်ပါတယ် ငါကျေနပ်တယ်...မင်းနဲ့ သူငယ်ချင်းတောင် ဖြစ်ခွင့်မရတော့မှာ ငါကြောက်တယ်...အာ့ကြောင့် ငါမင်းအပေါ် မရိုးသားတာတွေကို ငါ ရင်ထဲပဲ အမြဲသိမ်းထားမှာပါ...
-
-
-
"ကို ဒီနေ့ Ning မွေးနေ့...ညကျရင်ပွဲရှိတယ်နော်..."

I can't live without uWhere stories live. Discover now