.
.
.
.

Chu ငိုလို့ဝတော့မှ သူ့အခန်းကို
အနည်းငယ်ရှင်းပေးလိုက်သည် ...

ချစ်ရတဲ့ Honey က Chu လုပ်ပေးသမျှ
အကုန်သဘောကျတတ်သည်လေ ...

Ph ထားတတ်တဲ့နေရာ ညမီးအိမ်ပိတ်တဲ့နေရာ
ခောင်းအုံးတစ်လုံးကိုဘေးမှာ
အပိုထားတတ်သည့်နေရာ ..

ရေမွှေးပုလင်းတွေနဲ့ make up ပစ္စည်းတွေ
ထားတတ်သည့်နေရာ ...

သူ့အကြိုက်တွေအကုန်လုံး
Chu က သူ့ထက်ပိုပြီးသိသည် ...

အိမ်အကူတွေ ဘယ်လောက်လုပ်ပေးပေး
Chu လုပ်ပေးတာလောက်မကောင်းဘူးတဲ့

သူက Chu ကိုအမြဲကြွေအောင်
ခြွေတတ်သည်ကိုး ...

Chuကို ဘယ်လောက်စိတ်တိုအောင်ပဲလုပ်လုပ်
Chu ဘက်က တစ်ခါလေးမှ
စိတ်တိုတဲ့ အရိပ်အယောင်မပြဘူးခဲ့ပေမဲ့
Honey ကတော့ နည်းနည်းလေးမှတောင်
စလို့မရ ...

သူ့မျက်နှာတည်နေရင်တောင်
Chu ဘယ်လိုမှ မနေတတ်အောင်ဖြစ်ရသည် ..
ဒါပေမယ့် Chu ရဲ့ ချစ်သူလေးက
ရယ်လိုက်ရင် ကလေးတစ်ယောက်လို
သိပ်ချစ်ဖို့ကောင်းလွန်းသည် ...

ဒါကြောင့် သူအမြဲ ရယ်နေဖို့
Chu မှာငပေါကြီးကိုဖြစ်လို့ ....
သူရယ်နေဖို့အတွက် Chu ဘက်က
ဘာမဆိုလုပ်ပေးဖို့အဆင်သင့် ...

ဒါပေမယ့်  တစ်ခါတစ်လေ သူ့စကားတွေက
Chu ရင်ကို အကြိမ်ကြိမ်နာကျင်စေတတ်သည်

" Honey ကကွာ အကြီးဖြစ်ပြီး
အဲ့လိုတွေမပေါစမ်းနဲ့"

သူရယ်ဖို့ ကိုယ်ကြိုးစားခဲ့သမျှတွေက
သူ့စကားတစ်ခွန်းတည်းနဲ့
သေလောက်အောင် ဝမ်းနည်းခဲ့ဘူးလေသည်

.
.
.
.
.
.

Chu သူ့အိမ်လေးကိုတစ်ဝကြီး
ကြည့်လိုက်ပြီးနောက်
ထိုအိမ်လေးထဲမှ  ထွက်လာလိုက်သည် ...

Chu ရဲ့ဦးတည်ရာက လေဆိပ်ဆီသို့ ...

ဒီနေ့တော့ Jeju ကျွန်းကို
ရောက်အောင်သွားချင်သည် ...
သူ မပါပေမယ့်လဲရောက်အောင်သွားချင်သည်

ဒီနေ့က Chu တို့ရဲ့နှစ်ပါတ်လည်လေ

ဒါတွေသူမသိဘူး သိချင်မှာလဲမဟုတ်ဘူး

Hope Not (Completed)Where stories live. Discover now