"မွေးနေ့ကိတ်မုန့်လုပ်ထားပေးမယ်!!''
အဖြေကားပြန်မလာခဲ့..။အေးအေးလူလူ ဆက်လျှောက်သွားသောကျောပြင်သာငေးကြည့်ရင်း..ကျနော်တိုးတိတ်စွာစကားဆိုဖြစ်ခဲ့သည်..။
"မလာမချင်း.ငါစောင့်နေမယ်..''
အချိန်ကား..ညနေငါးနာရီ ..နာရီလေးအား..တကြည့်ကြည့်လုပ်နေသော.ကောင်လေးတစ်ယောက်တော့.ရှိနေခဲ့သည်...။
သူ့ရှေ့မှာတော့..မီးမညှိရသေးသည့်ဖယောင်းတိုင် များထိုးစိုက်ထားသည့်ကိတ်မုန့်လေးတစ်လုံးရှိနေသည်..။
သူဘာလို့မလာသေးတာပါလိမ့်??
တစ်နေ့လုံး..တစ်လုံးပြီးတစ်လုံးဖုတ်ရင်းငါးလုံးမြောက်မှသာ.. ဒီအနေအထားရရှိခဲ့ခြင်းဖြစ်သည်..။
တစ်ခုခုဖြစ်နေတာလား??
ဒါမှမဟုတ်..
ကျနော့်ဆီမလာချင်တာများတဲ့လား?
?မွေးနေ့ပွဲလေးလုပ်ပေးတာတောင်သူမလိုချင်တော့ဘူးလား??မဟုတ်ဘူးသူ..ပြန်မရောက်သေးတာပဲဖြစ်မှာ..
တစ်ဖြည်းဖြည်းနဲ့ညဆယ့်တစ်နာရီသို့ရောက်လာသည်..။
သူကားမရောက်လာသေး ။ဆယ့်နှစ်နာရီကျော်ရင်ဒီကိတ်မုန့်လေးက..အလကား ဖြစ်သွားတော့မည်..။တကယ်ကိုပဲ!!
စီးကျလာသည့်..မျက်ရည်စအချို့ကိုပွတ်သုတ်မိစဉ်ကျော်စိုး ဝင်လာခဲ့သည်..။
"သခင်လေးနောင်..အိပ်တော့လေ..''
"ရှန်ဟတ်ကရော..''
"ဟို..''
ကျော်စိုးရဲ့..အမူအရာကြောင့်နောင်..စိုးရိမ် သွားမိသည်..။
"သူတစ်ခုခုဖြစ်ခဲ့လို့လား??''
"မဟုတ်ပါဘူးတကယ်တော့ပြန်ရောက်တာတောင်ကြာပါပြီ..''
မျှော်လင့်ချက်များသည် ထပ်မံရိုက်ချိုးခြင်းခံရခဲ့ပြန်ပြီ
YOU ARE READING
လေပြည်မရှိသောအရပ် Season.1 (Completed)
RomanceMy second story💜 (Chapter-1) တကယ်ဆို မင်းကိုကိုယ် လေပြည်မရှိသောအရပ်မှာ ထာဝရ ထားချင်ခဲ့တာမျိုး (Own Creation)
Part.28::လူသားတစ်ယောက်၏ အတ္တ
Start from the beginning