ကိုယ့်​အ​တွေး​နဲ့ကို ငြိမ်​​နေတဲ့ ကျွန်​​တော့်​ကို.. ဦး​လေးမင်​က

"Xiao lu ဒီတစ်​​ခေါက်​အလုပ်​​တွေကို တခြားတစ်​​ယောက်​နဲ့ဖြစ်​ဖြစ်​ လွှဲပြီး.. ခရီး​လေးဘာ​လေးထွက်​ပါ့လာ.. အလုပ်​ထဲမှာပဲ ကုန်​ဆုံး မ​နေနဲ့ဦး.. Xiao Luအရွယ်​က ချစ်​သူ​လေးနဲ့ ဖြတ်​သန်း ရဦးမယ်​​လေ.. "

အင်း.. အဲ့ဒါလည်း ဟုတ်​တာပဲ..Luhan တစ်​​ယောက်​ ​ဦး​လေးမင်​ရဲ့ စကားကိုပြန်​မ​ဖြေ​တော့ပဲ တိတ်​ဆိတ်​စွားပဲ လိုက်​လာခဲ့တယ်​..

S S F I W

"Ya.. Park Chanyeol ငြိမ်​ငြိမ်​​နေလို့ ​ပြော​နေတယ်​​လေ "

"Sehunရာ.. ငါ့မှာ ဒီအချိန်​​လေးပဲ သူ့ကိုအဝ​ချောင်းခွင့်​ရှိတာဟ"

Chanyeolတစ်​​ယောက်​ မ​ကျေမနပ်​သံဖြင့်​ Sehunကို ​ပြောလိုက်​သည်​။

"ဒီမှာ Chanyeol မင်းတို့ကိုက အဟုတ်​မဟုတ်​​တော့တာ.. ကြိုက်​ရင်​ကြိုက်​တယ်​ ချစ်​ရင်​ချစ်​တယ်​​ပေါ့.. ဘာ​တွေ အရစ်​ရှည်​​နေကြတာလဲ"

Sehun​ပြောလည်း ​ပြောချင်​စရာ​ပေ.. ဟိုနှစ်​​ယောက်​ကလည်း.. အပြန်​အလှန်​ ချစ်​​နေကြတာကို အပြင်​လူ​တွေ​တောင်​သိတယ်​.. ဒါကိုChanyeolက ဖွင့်​​ပြော​တော့ ဟိုByunငပုက အင်းမလုပ်​အဲမလုပ်​နဲ့ အ​ဖြေ​တောင်းတဲ့​နေ့ကစပြီး.. Chanyeolကို ​ရှောင်​​နေတာ.. အခုထိပဲ ဒါ​ကြောင့်​ ဒီက သနားစရာ Park Chanyeolက စာသင်​ချိန်​မှာသာ အဝကြည့်​ခွင့်​ရတာ.. ကြည့်​ခွင့်​ရ​တော့လည်း ငြိမ်​ငြိမ်​စိမ်​စိမ်​ ထိုင်​မကြည့်​ဘူး.. ခုံကို ဟိုဘက်​​ရွေှ့လိုက်​ ဒီဘက်​​ရွှေ့လိုက်​နဲ့.. ​ခေတ်​ကာလ က​လေးငယ်​​တွေများ ဆိုးသထက်​ကိုဆိုးလာကြတယ်​.. စာလုပ်​ရမဲ့အရဝယ်​မှာ ရည်းစားက ထားချင်​ရတာနဲ့ အရက်​​လေး​သောက်​ချင်​ရတာနဲ့ clubတက်​ချင်​ရတာနဲ့..

"ဖြစ်​နိုင်​ရင်​ ငါက တစ်​ခါတည်းပါယူပစ်​ချင်​တာ.. ဒင်း​လေးကိုက ငါ့မြင်​​ရှောင်​​ပြေး​နေတာနဲ့.. ငါလည်း.. ဘာဆက်​လုပ်​ရမလဲကို မသိ​တော့တာ"

Spring Summer Fall in WinterWhere stories live. Discover now