Never click suspicious links
Reminder: Wattpad will never ask for passwords, payment information, or other sensitive account security details.

Utopia•1

85 6 0
                                        

      " ချစ်ရမယ့်သူရှိနှင့်နေတာလား "

အော်ရယ်ပစ်လိုက်ချင်ပေမယ့် ထုံးစံအတိုင်း အေးတိအေးစက် ထွက်လာတဲ့ အရွဲ့တိုက်နေသယောင် ထင်ရသော ရယ်သံ နှင့်အတူ တစ်ပါတည်း ကပ်လာတဲ့ ပြတ်တိပြတ်တောင်းအဖြေ။

     " အင်း "

ထပ်မေးလာမည့် မေးခွန်းတွေကို မဖြေချင်သည်မို့ ထိုနေရာကထထွက်ခဲ့ရုံသာ။ သေချာတာက ကိုယ့်ကို Propose လုပ်ခဲ့တဲ့ထိုသူငယ်ချင်းကို မျှော်လင့်ချက်လုံးဝမထားတော့အောင် ပြတ်ပြတ်သားသားပြောခဲ့သည်လေ။     ကိုယ် တာဝန်ကျေခဲ့မယ် ထင်ပါရဲ့။

မျှော်လင့်ချက် ဆိုတဲ့အရာကလေ အစပြုမိတာနဲ့ တစ်စတစ်စ ရစ်တွယ်လာတတ်တာကိုရော၊လူတစ်ယောက်ကို နာကျင်စေတတ်တာရောကိုယ်သေချာသိခဲ့ပြီးပြီလေ။ ကိုယ်ကိုယ်တိုင် ဆယ်ကျော်သက်အရွယ်ကတည်းက    သဘောပေါက်ခဲ့တာကြောင့် မည်သို့သောလူသားတစ်ဦးတစ်ယောက်ကိုမှ   ကိုယ်နဲ့ပတ်သက်ပြီး မျှော်လင့်ချက် ထားကာမနာကျင်စေချင်တာ စေတနာအမှန်။

ကိုယ့်အနေနဲ့ကတော့ ဂျွန်းဂျုံးဂု ဆိုတဲ့ ဖြစ်တည်မှုတစ်ခုပေါ်မှာ ဆယ်ကျော်သက်အရွယ်ကအစပြုပြီး အသက်ထိပ်စီးကိန်းဂဏန်း ပြောင်းလာတဲ့ ဒီအချိန်အထိ မျှော်လင့်နေမိတုန်း ဆိုတာကိုတော့ ဘယ်သူ့ကိုမှ အထူးတလည် မပြောပြဖြစ်တော့။ အနည်းဆုံးတော့ လှောင်ရယ်မခံရတော့ဘူး လေ။

အတွေးတွေကြား ရုတ်တရက်ဝင်လာတဲ့အသိကြောင့် ခြောက်ခြောက်ကပ်ကပ် ရယ်လိုက်မိပြန်သည်။

" အဟက်  သူကဖြင့် ငါ့ကိုတောင် မသိဘဲနဲ့ "

ကိုယ် သူ့ကိုစသိခဲ့တဲ့ အချိန်က ကိုယ် တက္ကသိုလ်ဝင်တန်း ဖြေပြီးစအချိန်။ အလယ်တန်းလောက်ကတည်းက ကိုးရီးယား idols တွေကို သဘောကျခဲ့ပေမယ့် Girl groups တွေကိုဘဲ stand ခဲ့တာမို့  သူ ပါတဲ့ ထိုအဖွဲ့ကို လုံးဝမသိခဲ့။
တက္ကသိုလ်ဝင်တန်း စာမေးပွဲအပြီးကျောင်းတွေပိတ်ထားချိန်မှ သူတို့အဖွဲ့ သီချင်းတွေကို နားထောင်ဖြစ်ရင်းသူ့ကိုစပြီးသိလာခဲ့ရာကနေ ဒီလို သောက်ကျိုးနည်း မျှော်လင့်ချက်တွေ ထားနေမိတဲ့အထိ။ကိုယ့်မွေးရပ်မြေကို ကျောခိုင်းပြီး သူ့မွေးရပ်မြေ မှာကျောင်းလာဆက်တက်တဲ့အထိ။အိမ်ကို ချစ်လွန်းတဲ့ ကလေးမ က အိမ်ကိုပစ်ပြီး နိုင်ငံရပ်ခြားတစ်ကိုယ်တည်း ထွက်လာရဲတဲ့အထိ။

You've reached the end of published parts.

⏰ Last updated: May 18, 2019 ⏰

Add this story to your Library to get notified about new parts!

Utopia Stories to obsess over. Discover now