(17)

6.9K 849 94
                                    

အကို Chanyeolရဲ့ စကားတွေ အဆုံးမှာ Baekhyun အံ့ဩမှုတွေ မယုံကြည်နို်င်မှုတွေ အပြည့်နဲ့ အကို့ကို တအံ့တဩ ကြည့်နေမိသည်။

'အကို ..'

အံ့ဩလွန်းတာကြောင့်လား မသိ .. ပြောရမယ့် စကားတွေက လည်ချောင်းနားမှာ တစ်စို့နေသလို~~ အကို Chanyeolကတော့ သူ့ကို နူးညံ့စွာ ကြည့်နေသည်။

'ဆေးရလာပြီ ..'

အကို JiWoo ရောက်လာတာက သူတို့ နှစ်ယောက်ရဲ့ တိတ်ဆိတ် ငြိမ်သက်နေတဲ့ အနေအထားကို ဖြိုခွင်းလိုက်သလို~

'ရော့ .. Baekhyun .. '

အကို JiWooက သူ့ဆီ ဆေးထုတ်ကမ်းလာသည်။

'ဒါနဲ့ Baekhyun အကို့ကို အိမ်က အရေးကြီးတဲ့ ကိစ္စရှိတယ်လို့ ဖုန်းဆက်လာတယ် .. အဲ့တာ .. ကိုယ် အခုသွားမှရမယ်'

JiWoo မုသားစကား ဆိုမိသည်။

'Chanyeol .. Baekhyunကို လိုက်ပို့ပေးပါဦးကွာ .. '

တဖန် Chanyeolကို ပြောလိုက်လေသည်။

'ရပါတယ် .. ငါသေချာ လိုက်ပို့ပေးလိုက်မယ်'

Chanyeolက ခေါင်းညိမ့်ကာ ပြန်ဖြေလာသည်။

'အဲ့တာဆို ကိုယ်သွားပြီနော် .. Chanyeol .. ကျေးဇူးကွာ'

ခပ်သွက်သွက် ပြောပြီး JiWoo ထွက်လာခဲ့တော့သည်။ တကယ်တမ်း ဒီအခြေအနေမျိုးမှာ သူက ကျေးဇူးတင်ရမှာ မဟုတ်ပဲ Chanyeolကသာ သူ့ကို ကျေးဇူးတင်သင့်တာ =__=

နှုတ်ဆက်ကာ ချက်ချင်း ထွက်သွားသော အကို JiWooကို Baekhyun ခေါင်းတစ်ချက်သာ ငုံ့ပြလိုက်သည်။
အခု သူနဲ့အကို Chanyeol နှစ်ယောက်သား ဘေးချင်းကပ်လျက် ..
Baekhyun စိတ်ထင်လို့ ထင်တယ် အကိုရဲ့ ခန္ဓာကိုယ်က သူနဲ့ နီးကပ်နေသယောင် ~

ရုတ်တရက် ချစ်တယ် ဆိုပြီး ပြောပြလာတဲ့ ၀န်ခံခြင်း တစ်ခုမှာ Baekhyun မည်သို့ မည်ပုံ တုံ့ပြန်ရမလဲ မသိ။ စကားလုံးတွေထက် အတိုင်းအဆမဲ့ ခုန်နေတဲ့ နှလုံးခုန်သံတွေကသာ ကြီးစိုးထားလေသည်။ အကို့ရဲ့ အဖြေစကားမှာ Baekhyun သွေးတွေကို ပြောင်းပြန် စီးဆင်းသည် လို့ပင် ခံစားနေရ၍ တကိုယ်လုံး ပူရှိန်းရှိန်း ..

'Baekhyun .. ပြန်ကြမလား'

အချိန်အတော်အတန်ကြာတော့ အကို Chanyeolက သူ့ကို စကားဆိုလာသည်။
Baekhyun အကို့ကို မကြည့်ရဲ သေးတာကြောင့် ခေါင်းညိမ့် အဖြေပေးမိသည်။

Heart Trainer (Z+U) [Completed]Where stories live. Discover now