(4)

6.1K 674 10
                                    

ညနေစောင်းနေပြီ ဖြစ်တာကြောင့် အပေါ်ထပ်က ကိုယ့်အခန်းကို ကိုယ် ပြန်လာပြီး ဦးစွာ ပေါင်ချိန်ဆက်ပေါ် တက်ရပ်လိုက်မိသည်။

'149.3 lb'

သောက်ကျိုးနည်း တစ်နေ့လေး Gymမသွားပဲ ထမင်းလေး စားမိပါတယ် တစ်ပေါင်က တက်လာသည်။

*တောက်*

*ပေါင်ချိန်စက် တအားကို မိုက်ရိုင်းသွားပြီ*

မျက်လုံးထဲ အတိုင်းသား မြင်နေရတဲ့ 149 ဆိုတဲ့ ဂဏန်းကြီးကို ကြည့်ရင်း ဒေါသတွေက တလိမ့်လိမ့်။

'အဲ့လောက်တောင် ဝချင်နေတာ .. စားဦးမယ်ဟေ့ သေအောင်ကို စားဦးမှာ'

စိတ်တိုတိုနဲ့ အိပ်ရာဘေးခုံပေါ်က ဖုန်းကို ကောက်ယူရင်း ~~

'ကြက်ကြော်အချိုတစ်ဘူး မှာချင်လို့ပါ .. တစ်ကောင်လုံးပေးပါ ပြီးတော့ Colaတစ်ဘူးရောပဲ ..လိပ်စာက××××'

KFCကို ဖုန်းဆက်ပြီး မှာပစ်လိုက်သည်။ ဒါတင်မက အိမ်အောက်ထပ်ဆင်းပြီး Spicy noodle 2× (၂ဆစပ်) ကို အရည်စက်စက်လေးပြုတ်ပြီး ရေခဲသေတ္တာထဲက Cheeseလေးထည့်လိုက် အရွက်ကလေး ထည့်လိုက်နဲ့ တစ်ပန်းကန်ကြီး ပြုတ်လိုက်သည်။

အင်း... ပြီးတော့ ~~
ကြက်ဥ ၅လုံးလောက်ကို မုန့်လာဥနီ နုတ်နုတ်စင်းရယ် ကြက်သွန်မြိတ်လေးရယ် ထည့်မွှေပြီး အိုးပြားထဲ လိပ်လိုက်သည်။

'Okay perfect'

အားလုံးပြီစီးသွားတော့ အိမ်ရှေ့က Bellသံ
ကြက်ကြော်ရောက်လာပြီ ထင်တယ်။ ကံကောင်းစွာနဲ့ ကြက်ကြော်တစ်ကောင်လုံး ၀ယ်ရင် Vinellar icecreamတစ်ဘူးပေးတယ်ဆိုတော့ အစစအရာရာ အားလုံးက အဆင်ကို ချောနေတာပဲ။

အပေါ်ထပ်ကို စားစရာတွေ အကုန်သယ်သွားပြီး ကုတင်ပေါ်မှာ နေရာတကျထားလိုက်ရင်း EVD playerထဲ X-Man ရဲ့နောက်ဆုံးထွက် Apocalypseကို ဖွင့်လိုက်သည်။ ပြီးတာနဲ့ ကျောနောက်ကို ခေါင်းအုံးခံ ပေါင်ပေါ် ဖက်လုံးတင်ပြီး မှာ သမျှတွေ စားလိုက်သောက်လိုက် ဇာတ်ကားကြည့်လိုက်နဲ့ ဇိမ်ကျနေလိုက်သည်။

'ဟဲ့ မောင်လေး .. ငါpizza၀ယ်လာတယ် စားချင်လာစား'

အောက်ထပ်က အမMinheeရဲ့ အော်ခေါ်သံ။ သူ့လဲ ကျောင်းတက်နေတုန်းသာပြောတယ် အလုပ်လုပ်နေတဲ့ ဖေကြီးထက် အမြဲတမ်းနောက်ကျမှ ပြန်ရောက်တယ်။

Heart Trainer (Z+U) [Completed]Where stories live. Discover now