အပိုင်း(၁၀)

Start from the beginning
                                    

ဟာနာ သိ​နေတယ်​။ အလုပ်​ကိစ္စဟုသာအ​ကြောင်း​တွေပြ​နေတာ အလုပ်​ဟုနာမည်​တပ်​ကာ သူ့နှလုံးသားအရှင်​သခင်​ဆီကိုလှမ်း​နေခဲ့တယ်​ဆိုတာ ဟာနာသိပ်​ကိုသိတာ​ပေါ့ ။

ဒီလက်​ထပ်​ပွဲကို​သေချာပြန်​စဉ်းစားသင့်​လား ။ ဒါမှမဟုတ်​ကိုယ့်​လက်​ထဲ​ရောက်​လာမှပြုပြင်​လိုက်​သင့်​လား ။

ချစ်​မိသူရဲ့ စိတ်​ချမ်းသာရဖို့အတွက်​အပြုံးမပျက်​ပေးဆပ်​လိုက်​သင့်​လား ? ။ ချစ်​မိသူကိုပိုင်​ဆိုင်​ရဖို့အတွက်​နာကျင်​မှု့​တွေရင်​၀ယ်​ပိုက်​ပြီး ချစ်​မိသူစိတ်​ဆင်းရဲ​စေချင်​သလား ။

ကိုယ်​တ်ုင်​ပင်​အ​ဖြေရှာမရ​တော့ ။

အတ္တကို​ရှေ့တန်းတင်​သင့်​သလား ။ အပြုံးနဲ့ပဲနှုတ်​ဆက်​လိုက်​သင့်​လား ။

ဟန်​ဂန်​မင်း ရှင့်​ကြောင့်​နဲ့ ကျွန်​မရူး​တော့မယ်​ရှင်​ရယ်​။

လက်​မထပ်​ခင်​မင်္ဂလာဝတ်​စုံနဲ့ပင်​မျက်​ရည်​စတင်​ကျခဲ့ပြီ​လေ ။ လူကြီး​တွေ​ပြောသလိုပဲ ဒါဟာနမိတ်​ဆိုးများလား ။

💔💔💔💔💔💔💔💔💔💔💔💔

"Hello ကိုကို ဘယ်​ရောက်​နေပြီလဲဟင်​"

အိပ်​ချင်​မူးတူးနဲ့ ကျွန်​တော့်​ပူ​တူတူး​လေးရဲ့အသံက ကျွန်​တော့်​အတွက်​အားအင်​နဲ့အပြုံးဖြစ်​ထွန်း​စေတယ်​ဗျာ ။

"ကိုကို အိမ်​ရှေ့ကို​ရောက်​နေပါပြီခင်​ဗျာ့ Password​လေးနှိပ်​ပြီးဝင်​လာယုံပဲကျန်​တော့တယ်​"

"တကယ်​"

"တကယ်​ပေါ့ က​လေး​လေးရ "

Password​လေးနှိပ်​ကာဝင်​လိုက်​သည်​နှင့်​စောင်​ပတ်​ပြီး လုံးလုံး လုံးလုံးနှင့်​ကျွန်​တော်​ရှိရာ​လျှောက်​လာသည့်​ကျွန်​တော့်​က​လေး​ပေါက်​စ ။

ကျွန်​တော့်​အ​တွေးထဲဝင်​လာသည့်​အ​တွေးတစ်​ခုက ။​ဆောဟာနာနဲ့လက်​မထပ်​မှီ ကျွန်​တော့်​က​လေးနဲ့ နှစ်​ယောက်​ထဲလက်​ထပ်​ထားခြင်းသာ ။ က​လေး​လေးလဲလက်​ခံနိုင်​လောက်​ပါတယ်​။

ဒါ​ကြောင့်​လဲ လက်​ထပ်​လက်​စွပ်​နှစ်​ကွင်းကို​အော်​ဒါကြိုမှာထားခဲ့တာ​ပေါ့ ဒီ​နေ့​တော့တစ်​ခါထဲဝင်​ယူခဲ့လိုက်​သည်​။

သူထံပါး....သို့..... [Rate-M]🔞🔞🔞🔞Where stories live. Discover now