~One

2.6K 197 19
                                    

ဟိုနေ့ညကအိပ်မပျော်၍လားတော့မသိ၊
ဦးရဲ့ရင်ခွင်ထဲမှာ ဘာမှတွေးချိန်တောင်မရပဲ
အိပ်ပျော်သွားခဲ့သည်ကိုတော့မှတ်မိသည်။
မနိုးသေးသည့် ဦးရင်ခွင်ထဲ ပိုတိုးဝေ့မိတော့
သူအမြဲသုံးနေကြရေမွှေးနံ့သင်းသင်းလေးနှင့် သူ့ကိုယ်သင်းနံ့အချို့ နှာခေါင်းထဲတိုးဝင်လာသည်။

ဦးက အမြဲအနံ့ပြင်းပြင်းတွေသုံးတတ်တာကြောင့်
ညားခါစ တုန်းက အဖက်မခံချင်ဘူး။နောက်တော့
သူ့အကြောင်းကိုသိပြီး ရေမွှေး၊ကာနေရှင်းတွေအနံ့သင်းသင်းတွေပြောင်းသုံးသည်လေ။
အကြိုက်ဆုံးတွေမသုံးရလည်းဖြစ်တယ်၊
ကလေးကို မဖက်ရပဲမနေနိုင်ဘူးတဲ့။
နောက်တော့ သူပါအကျင့်တွေဖြစ်သွားသည်။

နေပါအုံး၊ ဒီလူကြီးဘာလို့ မထသေးတာလဲ။
ငါကျောင်းသွားရအုံးမယ်လေ။

"ဦး  "

သူ့ခေါ်သည့်အသံကအရမ်းမတိုးပါဘူး။
နိုးနေပြီများ အိပ်ချင်ယောင်ဆောင်နေတာလား။

"အင်~ကလေး "

သူ့ကိုအတင်းကိုခွဖက်ကာ ဦးရဲ့နှုတ်ခမ်းထုထည်သည် နဖူးပြင်ပေါ်ကျရောက်လာသည်။
သူ့မှာ အသာပြုံးရင်း လှုပ်နှိုးပစ်လိုက်သည်။

"ဦး ကျောင်းလိုက်ပို့ရမယ်လေ ထ လို့ "

သူ့ရဲ့သွားတွေနဲ့ ဦးနှာခေါင်းကိုခပ်နာနာလေးကိုက်ချပစ်လိုက်သည်။

"အား ကလေး နာတယ် "

ဟောဗျာ အော်ရုံလေးအော်ပြီး ပိုတိုးဖက်လိုက်ကာ ထပ်အိပ်ရန်ပြင်နေပြန်သည်။

"ဦးနော် မနေ့က ဘယ်အချိန်မှအိပ်တာလဲ ထဆို"

စိတ်မရှည်ဖြစ်လာသည်ကြောင့် ဖက်ထားသည်ကိုအသာလျော့ပေးလာကာ လက်တစ်ဖက်က သူ့ရဲ့မျက်လုံးကိုပွတ်သပ်ရင်း ပြူးပြဲပြီးမပွင့်တပွင့်ဖွင့်လာလေသည်။

"အင်းး ကလေး ကိုယ်နိုးပြီ"

အဟိ၊ချစ်စရာလေး၊ကြည့်ပါအုံး၊
နိုးပြီဆိုပြီး အတင်းပြူးပြဲဖွင့်နေတဲ့မျက်လုံးတွေကပြန်ပိတ်သွားပြန်ပြီ။
ဒီလိုနှိုးလို့မနိုးဘူးဆိုတော့ကာ၊ လက်နှစ်ဖက် ကုန်းရုန်းပြီးထလိုက်သည်။ထို့နောက်တွင်တော့ ပက်လက်လန်ပြန်အိပ်နေသည့်သူ့ခါးပေါ်တက်ခွလိုက်၏။
သူ့နားနားအသာကပ်ကာ ဦးဟုတိုးတိုးလေးခေါ်ရင်း နားရွက်ဖျားကိုလျှာပါးလေးဖြင့်ကလိလိုက်သည်။

~ဦး~Where stories live. Discover now