Look at Me !

837 41 0
                                    

{Ep 1 }. Look at Me !

မင်းရဲ့ စကားတွေ
အလိမ်အညာတွေ အားလုံးကို ရပ်တန့်ပစ်လိုက်ပါလို့ တောင်းဆိုချင်ပေမဲ့ အဲ့လို တောင်းဆိုလိုက်လို့ ငါ့အနားက မင်းက စစ်မှန်စွာ ထွက်သွားခဲ့ရင် တသက်လုံး ရင်ကွဲ ကျန်ရစ်သူမှာ
ငါ ပဲမို့ ...
လိမ်ညာပါ လှည့်ဖြားပါ ... ငါ့မျက်ရည်တွေ ခမ်းခြောက်လို့ ငါ့အော်သံတွေ မထွက်တော့ရင်တောင် မင်းအနားကနေ တစ်ဖဝါးမှ မခွါပါရစေနဲ့လား  ဂျွန်ရယ် ။

<><><><><><><><><><><><><><><><>
                       ☘️☘️☘️🍀🍀🍀☘️
<><><><><><><><><><><><><><><><>

" jungkook ? "

Tae ခေါင်းြငိမ့်ပြလိုက်သည် ။
Yoongi သက်ပြင်းဖွဖွလေး ချလိုက်၏ ။

" Tae ကရော ဘယ်လိုသဘောထားလဲ ? "

Yoongi အမေးအား Tae ပြုံး၍ အဖြေချက်ချင်းမပေးသေးဘဲ
ပြတင်းပေါက်မှ တဆင့်အပြင်ဘက်သို့ ငေးကြည့်လိုက်သည် ။

" ကျနော် ချစ်ခဲ့တာ ကြာပြီပဲ hyung ရယ် "

" Tae ကြားဖူးမှာပါ သူ့အကြောင်း "

"ကျနော်ကိုယ်တိုင် စုံစမ်းခဲ့တာပဲ Hyung .. ကျနော် သေချာသိပါတယ် "

" ဒါကိုတောင် မင်းက ရှေ့ဆက်တိုးချင်တာလား ? "

လေအဝှေ့မှာ ကြွေဆင်းသွားတဲ့ သစ်ရွက်ဝါလေး၏ လှုပ်ရှားမှု သဏ္ဍန်အား Taehyung မျက်ချေမပြတ်ငေးကြည့်နေသည် ။
လေထဲဝှေ့ဝိုက်ကာဖြင့် ဖြည်းညင်းစွာ မြေပြင်ထက် သက်ဆင်းသွားသော သစ်ရွက်လေး၏ လှုပ်ရှားမှု ငြိမ်သွားမှ လှပတဲ့ အပြုံးတစ်ခု နှုတ်ခမ်းထက် ဖြစ်တည်လာသည် ။ သို့သော် ရီဝေတဲ့ မျက်ဝန်းတွေ၌ အရည်ကြည်လေးတွေ လဲ့နေ၏ ။

" ဟုတ်ကဲ့ hyung .. ကျနော် သူ့ကို ချစ်တယ် သူ ကျနော့်ကို ရွေးချယ်လိုက်တဲ့ အချိန်မှာ ခဏလေးဖြစ်ဖြစ် သူ့အနားမှာ ရှိချင်မိတယ် ကျနော့်အတ္တလို့ပဲ သတ်မှတ်ပါတော့ Hyung ရယ် "

<><><><><><><><><><><><><><><><>
                       ☘️☘️☘️🍀🍀🍀☘️
<><><><><><><><><><><><><><><><>

အချစ်သည်လေပြည် ( Short Stories Collection ) Hikayelerin yaşadığı yer. Şimdi keşfedin