အချစ်သည်လေပြေ

2.5K 123 16
                                    

Zawgyi Ver.

ဘယ်အရာတွေက ကျနော်တို့ relationship မှာ အက်ကြောင်းတွေထင်လာစေတာလဲ
ဘယ်သို့သော်အကြောင်းအရာတွေက ကျနော့်တို ချစ်ခြင်းကြားမှာ အေးစက်မှုတွေ ဝင်လာစေတာလဲ
ဘယ်သို့သော် လေညင်းတွေက ကျနော့်တို့ ညနေခင်းကို အကျည်းတန်သွားစေတာလဲ
သေချာတာကတော့ ဖြစ်ပေါ်လာတဲ့အခြေအနေတခုမှာ သူရော ကျနော်ပါ သွေးအေးနေခဲ့ပြီ
သွေးပူလာအောင် လေ့ကျင့်ခန်းလုပ်လို့မရတာမို့ ကျနော်တို့နှစ်ယောက်အရင်လို ပြန်ဖြစ်ဖို့ရာ ....
အင်းးး မထင်မိတော့ဘူး ...
အသက်အရွယ်နဲ့မဆိုင်ပေမဲ့ ကျနော်ပြန်စဉ်းစားမိတာ
သူရော ကျနော်ရော တစ်ယောက်ကိုတစ်ယောက်တကယ်ရော ချစ်ခဲ့ရဲ့လား ... ဒီအတိုင်းပဲ သစ်ရွက်ကလေးလှုပ်တာကို ရင်ခုန်ခဲ့ကြတာလား
ကျနော်ကိုယ်တိုင်အဖြေရှာလို့မရသလို
သူလည်းပဲ အဖြေရှာလို့ မတွေ့နိုင်ဘူးဆိုတာ ကျနော်သိနေတယ် .... တွေဝေမှုတွေနဲ့ ကျနော်တို့နှစ်ယောက်
ကျနော့်အထင်တော့ ကျနော့်နှစ်ယောက်က တကယ်ပဲ နေဝင်ဆည်းဆာ ကြည့်ချိန်ရောက်လာပြီနဲ့ တူပါတယ်

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

" tae ကိုယ့်ကို ပြောစရာရှိသေးလား ? "

taehyung ၏ အပြုံးတွေက သက်ဝင်လှပနေပါသည် ။ ခေါင်းကိုဖြည်းညှင်းစွာခါရင်း

" Arni .. jungkook .. အင်းတခုပဲ Jimin ကိုသေချာဂရုစိုက်ပါ "

Jungkook ပြုံးသည် ။ ထိုအပြုံးလေးက taehyung ရဲ့ ရင်ခုန်ခြင်းလှုပ်ငန်းစဉ်အပေါ် သက်ရောက်နေဆဲပါပဲ ...

" အာ့ဆို ကိုယ်သွားပြီ "

" အင်း .. ကျန်းမာရေးဂရုစိုက်နော် "

" yeontan လေးဆီ ကိုယ်လာလည်မှာပါ "

" ဟင့်အင်း မလာပါနဲ့ .. tannie ကိုတော့ tae တစ်ယောက်တည်းအတွက်ပဲ ထားပေးခဲ့ပါ "

Jungkook သက်ပြင်းဖွဖွလေးချသည် ။

" ကိုယ်တောင်းပန်ပါတယ် "

" မလိုပါဘူး jungkook ဒါ ငါတို့နှစ်ယောက်လုံးရွေးချယ်ခဲ့တာလေ မင်းတောင်းပန်ဖို့မလိုပါဘူး "

" အင်း "

🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸

သူမပါတဲ့ ညနေခင်းက အကြောင်းမဲ့ တိတ်ဆိတ်လွန်းနေသည် ။ မြက်ခင်းတစ်လျှောက်ပြေးဆော့နေသည့် yeontan လေးအားကြည့်ရင်း taehyung မျက်နှာတွင်အပြုံးတွေဝေနေသည် ။ ဆော့လွန်းသည့်ကောင်လေးကလည်း သိတတ်စွာ Teahyung နှင့်ဝေးရာသို့မသွား အနားတွင်လှည့်ပတ်ကာသာ ဆော့နေသည် ။
ငွေမှင်ရောင် Taehyung ၏ဆံနွယ်တွေက လေတိုးသည့်နှင့် လွင့်ကနဲ တက်တက်သွား၏ ။ ထိုသို့လွင့်သွားတိုင်းပေါ်လာသည့် Taehyung ၏ အလှသည် ညနေခင်းနှင့်အပြိုင်ပင် ....
Jungkook ထားရက်ခြင်းဟု Taehyung မတွေးသော်လည်း Jiminie သည် Taehyung ထက်ပိုချစ်ဖို့ကောင်းနေသည်ကိုတော့ ဝန်ခံရမည် ။
Jungkook မိတ်ဆက်ပေးသည့်အချိန်ကလည်း Jiminie အပေါ်မနာလိုခြင်းဆိုသည်ထက် ရင်ထဲကကိုလှိုက်လှိုက်လှဲလှဲ Jungkook ၏ အရွေးတော်ခြင်းကိုချီးကျူးနေမိခဲ့သည်မလား
ဒါပေမဲ့ တစ်ကယ်တမ်း တစ်ယောက်တည်းဖြစ်သွားချိန်တော့ အနည်းအကျဉ်း Taehyung ဝမ်းနည်းမိသည် ။ 4 နှစ်နီးပါး ဘေးနားရှိနေခဲ့သည့်သူက .......
အရင်ကဆို yeontan လေးဆော့ကစားသလို
သူလည်း taehyung ရဲ့ ပေါင်ပေါ်တွင်ခေါင်းတင်ပြီး ဘယ်လောက်ချစ်ကြောင်း ကြည်နူးဖွယ်ရာတွေဆိုခဲ့ဖူးသည်လေ
Taehyung သည်လည်း Jungkook ၏ နှာခေါင်းလေးအားဆွဲညစ်ပြီး ပို၍ချစ်ကြောင်းပြောခဲ့ဖူးသည်မဟုတ်လား
အခုတော့ ဒီအချိန် ဒီနေရာလေးမှာ ပြေးဆော့နေတဲ့ yeontan လေးက အရင်အတိုင်းရှိပေမဲ့ သူ့ပေါင်ပေါ်လှဲပြီးချစ်စကားပြောဖို့ရာ Jungkook မရှိတော့ပြီ ....
မရှိခြင်းကို လက်ခံပြန်တော့ နှလုံးသားက နာကျင်ရပြန်သည် ။ လေးနှစ်နီးပါး ကာလကြာ ချစ်ခဲ့သည့် ချစ်သူရယ်လေ ...

အချစ်သည်လေပြည် ( Short Stories Collection ) Nơi câu chuyện tồn tại. Hãy khám phá bây giờ